နိရဉ္စရာ မှ......
ကျောက်ဖြူခရိုင် ကျွန်းသာယာတွင် တည်ရှိသော ပြင်ဝန်းကျေးရွာတွင် လူ ၃ ဦးသေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။
ကျောက်ဖြူ ဒေသခံ တစ်ဦးက “ အသေအပျောက် စာရင်းတွေကတော့ ခုဝင်လာနေပါပြီ။ ကျွန်းသာယာက ပြင်ဝန်းကျေးရွာမှာ လူ ၃ ဦးသေဆုံးပါတယ်။ အများအပြား ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဓိက မြေပုံနဲ့ ကျောက်ဖြူကြားက ကျွန်းတွေပေါ်မှာ တည်ရှိတဲ့ ရွာတွေ လုံးဝ ပျက်စီး သွားပါတယ်။ အဆက်အသွယ်တွေ ပြတ်တောက်နေတဲ့ အတွက် အသေအပျောက်နဲ့ အပျက်အစီး စာရင်းတွေကို ရဖို့ အချိန် အနည်းငယ် လိုပါအုံးမယ်။”
၎င်းပြင်သူက နေရာ တစ်ချို့တွင် ဆက်လက် ရေမြုပ်နေတုန်း ဖြစ်ကြောင်း ပြောဆိုသည်။
“ကျောက်ဖြူအနီးက စေတီတောင်ကွင်းနဲ့ ဆားပြင်ကွင်းတွေဟာ အခုအချိန်ထိ ရေဆက်လက် မြုပ်နေတုန်း ဖြစ်တယ်။ အခု လူပေါင်း ၂၀၀၀၀ လောက် စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေရာ ချပေးထားရတယ်။ လောလောဆယ်တော့ လူပေါင်း ၅၀၀၀ စာအတွက် ထမင်းတွေကို သက်ဆိုင်ရာ ဘုန်းကြီးကျောင်းတွေမှာ ချက်ပြုတ်နေရတယ်။”
အန်ဂျီအိုများ အကူအညီပေးရန် ကျောက်ဖြူသို့ ရောက်ရှိလာနေပြီ ဖြစ်သော်လည်း ယနေ့နံနက်ပိုင်းထိ အကူအညီများ ဖြန့်ဖြူးပေးခြင်း မရှိသေးကြောင်း သိရသည်။
24 October 2010
ကျွန်းသာယာတွင် လူ ၃ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment