8 October 2010
တာဝန် ကိုယ်စိ
ဒီမှာ သူငယ်ချင်း
ဆောင်းကုန်လို့ နွေဦးရောက်ပြီ
ရွက်ဟောင်းတွေ ကြွေလို့
ရွက်သစ်တွေ ထွက်ဝေနေပြီလေ . . .
ဒီရွက်သစ်တွေ အချိန်မရောက်ခင်
ကြွေလွင့်မသွားရအောင်
မင်းတို့ ငါတို့မှာ ထိမ်းသိမ်းဖို့တာဝန်။
ကရင်တော်လှန်ရေးသမားတွေ အချင်းချင်း
သဘောထားအမြင်ချင်း မဖလှယ်ဘဲ
အဖွဲ့အစည်းချင်းအားပြိုင် အုပ်စုချင်းအားပြိုင် နေတဲ့
တော်လှန်ရေးခေတ်မှာ
အရှုံးအမြတ်ကို ဈေးတွက်တွက်ကာ
တော်လှန်ရေးကို ဗန်းပြ
အဖွဲ့အစည်းအရေးထက်
ကိုယ့်အရေးကို ဦးစားပေးနေတဲ့ လူတွေဆီမှာ
ရိုးသားဖြူစင်တဲ့ မျိုးဆက်သစ်တွေ
သားကောင်အဖြစ်နဲ့ ပါဝင်မသွားရအောင်
တခုတည်းသော အမျိုးသားတော်လှန်ရေးတရပ် ပေါ်ပေါက်လာအောင်
မင်းတို့ ငါတို့မှာ စည်းရုံးရမယ့် တာဝန်။
အဖိနှိပ်ခံ ကျွန်သဘောက်ဘဝက
ကရင်ပြည်သူလူထုတရပ်လုံး
လွတ်မြောက်ရအောင် တော်လှန်ကြဖို့
မျိုးဆက်သစ်တိုင်းမှာ တာဝန်ရှိတယ်
သူငယ်ချင်း . . .
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment