အမှန်ကိုမြင်ချင်တဲ့ မန်းရှာရဲ့ မျက်စိ
အမှန်ကိုကြားချင်တဲ့ မန်းရှာရဲ့ နား
အမှန်ကိုပြောချင်တဲ့ မန်းရှာရဲ့ ပါးစပ်
အမှန်တရားမြတ်နိုးချင်တဲ့ မန်းရှာရဲ့ စိတ်ဓာတ်
အမှန်လမ်းကိုရွေးချယ်ချင်တဲ့ မန်းရှာရဲ့ ဆန္ဒ။
ဟိုး...အတိတ်က
ကရင်တော်လှန်ရေးသမားတွေမှာ
ပြည်ကျိုးကိုမဖျက် ကိုယ်ကျိုးစွန့်ကာ
ဘဝနဲ့ အသက်ကိုရင်း
ထောင်နန်းစံသူကစံ
အသက်နဲ့ ခန္ဓာ
စတေးခံဝန်မလေးပဲ
ပေးဆပ်သွားတဲ့
သူရဲကောင်းလည်း များခဲ့ပြီး။
ကြည့်စမ်း...
ပစ္စုပ္ပန်ရဲ့ ကရင်တော်လှန်ရေးသမားတွေမှာ
သူတလူ ငါတမင်း
ကိုယ်ထင်ရာ ကိုယ်လုပ်
သူ့ယုံကြည်ချက်နဲ့ သူ
ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင် ခံငြင်း
အယူအဆတွေလွဲမှား
တော်လှန်ရေး လမ်းကြောင်းတွေက ပုံစံပြောင်း
စည်းစည်းလုံးလုံးနဲ့
ညီညွတ်မှုရှိခဲ့တဲ့
ကရင်တော်လှန်ရေးကြီးဟာ
မင်းတို့ခေတ်ရောက်မှ
သွေးရင်းညီအစ်ကို
ကရင်ညီနောင်များ အချင်းချင်း ရန်သူထင်
ရန်သူကို မိတ်ဆွေထင်တဲ့
နအဖ ခိုင်းသမျှလုပ် ပြည်သူ့အကျိုးမငဲ့ညှာပဲ
ပြည်ကျိုးကိုဖျက် ကိုယ်ကျိုးမက်သူ လူတစုကြောင့်
ကရင်ပြည်သူတွေ
အိုးမဲ့အိမ်မဲ့ အမိမြေက စွန့်ခွါပြီး
သူတို့ရဲ့ ရင်သွေးကလေးကို ရင်ခွင်ပိုက်ကာ
ခိုနားခွင့်မရှိတဲ့ တောကြိုတောင်ကြား
မိုင်းနင်း စူးခင်းခရီးလမ်းကို
အသက်စွန့်၍ ပြေးလာကြတာ
ဒီိလူတွေဟာ ငါ့တို့လူမျိုးမဟုတ်ဘူးလား
ခိုကိုးရာမဲ့ သူတို့ရဲ့ဘဝကလေးတွေ
မင်းတို့ ငါ့တို့ ဒီိလိုပဲ လက်ပိုက်ကြည့်နေကြမလား
ညီညွတ်မှုမရှိတဲ့ ကရင်တော်လှန်ရေးကြီးဟာ
အနာဂတ်အတွက် ရင်လေးစရာပေါ့။
8 October 2010
ပဒိုမန်းရှာ သို့တမ်းတခြင်း
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment