အိုး…….သူရဲကောင်း
အသင်သည်ကား
အမျိုးသစ္စာ ဂုဏ်သိက္ခာအတွက်
ရန်သူရှေ့မှောက် ဒူးမထောက်ဘဲ
သူရဲကောင်းပီသစွာဖြင့်
ကရင့်လူမျိုးအတွက်
အသက်စွန့်လှူပေးသွားခဲ့သည်။
သင်သေသော်လဲ သင့်ရဲ့ဂုဏ်သတင်း
ကရင့်ရင်ထဲ သင်းပျံ့နေဆဲ သင်းနေဆဲ။
အိုး…သူရဲကောင်း
အသင်ထွင်ဖောက် သင့်လမ်းဖြောင့်ဝယ်
သင့်ရဲ့နောက်လိုက် တပည့်ချစ်တို့
သင့်ရဲ့မိန့်ကြားဆုံးမစကားကို
ဦးထိပ်မှာတင် နားမှာဆင်လျက်
အမျိုးသစ္စာ ဂုဏ်သိက္ခာဖြင့်
ရန်သူ့ရှေ့မှောက် ဒူးမထောက်ဘဲ
ကရင့်ပြည်သူ လူမျိုးအတွက်
အသက်စွန့်လှုပေးသွားကြသည်။
အိုး…သူရဲကောင်း
သင့်ရဲ့နောက်လိုက် တပည့်မိုက်ကား
သင့်ရဲ့မှာကြား ဆုံးမစကားနဲ့
ပြောဆိုဆုံးမ သြဝါဒစကား မလိုက်နာဘဲ
အမျိုးသစ္စာ ဂုဏ်သိက္ခာအတွက်
သင့်ရဲ့မျက်နှာ မထောက်ထားဘဲ
ရန်သူ့ရှောက်မှောက် ရှက်မကြောက်ဘဲ
လက်မြှောက် ဒူးထောက် သစ္စာဖောက်ကာ
ယခုခါဝယ်
နေရာကောင်းယူ ကြီးစိုးမင်းမူနေကြပုံကို
သင်မြင်တွေ့ကာ ရင်ထုမနာဖြစ်မိမှာဘဲ။
အိုး…သူရဲကောင်း
သင်ရောက်လေရာ ဘုံဘဝမှာ
သင်ကြားနိုင်စေ မြင်ပါစေဟု
စေတနာရင်းခံ ဆန္ဒမွန်ဖြင့်
အိုး…..သူရဲကောင်း
သင့်အား ကျွန်ုပ်တင်ပြအပ်ပါသည်။
8 October 2010
စောဘဦးကြီးသို့တမ်းတခြင်း
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment