သျှမ်းသံတော်ဆင့်မှ.....
သျှမ်းပြည်အလယ်ပိုင်း လှုပ်ရှားသည့် နအဖ တပ်တခု ကျေးလက်လူထု၏ ထော်လာဂျီချောဆွဲကာ ရွာအပြင်ဘက်အရောက် လက်နက်ခဲယမ်းပစ်ဖေါက်ပြီး ဟန်ဆောင်တိုက်ပွဲနွဲကာ အနီးပါတ်ဝန်း ကျင်ကရွာသားများအားအကြောင်းမဲ့နှိပ်ကွပ်၊ ခြိမ်း ခြောက်နေသည်ဟု စုံစမ်းသိရှိရပါသည်။
“ခလရ ၂၈၆ က ဗမာစစ်သားတစု မိုင်းနန်းက ထော်လာဂျီချောခေါ်ပြီး မိုင်းနန်းတောင်ဘက် ( ၃ မိုင်လောက် ၀မ့်အစ်ရွာ လမ်းခွဲ) မှာ သေနတ်ဖေါက်တယ်၊ ပြီးတော့အဲဒီအနီးအနားက ရွာတွေထဲ ၀င်ပြီး သျှမ်းတပ်နဲ့တိုက်ပွဲဖြစ်တာ ရွာသားတွေ သျှမ်းသူပုန်တွေအကြောင်းသတင်းမပို့လို့ဆိုပြီး စစ် ဆေးမေးမြန်းရိုက်နှက်တယ်” - ဟု အမည်မဖေါ်လိုသည့်အသက် ၂၀ ကျော်လူငယ်တဦးက ပြော ပါသည်။
အောက်တိုဘာ ၂၀ ရက်နေ့၌ ခလရ ၂၈၆ မှ ဗိုလ်ကြီးရဲမြင့်ဦးဆောင်သည့် အင်အား ၁၀ ယောက်ကျော်က မိုင်းနန်းရွာ တောင်ဘက် ၀မ့်အစ်ရွာလမ်းခွဲအရောက် M 79 ၇-၈ ချက် နှင့် လက်နက်ငယ်များပစ်ဖေါက်ကာ တိုက်ပွဲအတုဆင်နွဲခဲ့ခြင်း ဖြစ်သည်ဟုဆို၏။
“သျှမ်းသူပုန်နဲ့တိုက်ပွဲဖြစ်တယ်ဆိုပြီး အနီးအနားရှိ ၀မ့်ဟိုပုံ နဲ့ ၀မ့်နမ့်ပန်ရွာတို့ကို ၀င်ရောက်ပြီး တအိမ်တက်ဆင်း ထမင်း အိုး၊ ဟင်းအိုးကအစ ဆန် ဆီ ဆား ပေါက်တူး ပေါက်ပြား ကြက်ဝက် တွေ့တာ အကုန်ယူတယ် အိမ်ရှင်မရှိရင်/ သော့ခတ် ထားရင် တံခါးဖျက်ပြီးဝင်တယ်” ဟု မိုင်းနန်း ဒေသခံတဦးက ပြော၏။
၎င်းတို့တပ်ဖွဲ့အား သျှမ်းသူပုန်အဲမ်ဘုတ့်ခ်ျလုပ်နိုင်ခြင်းမှာ ရွာသားများက ထောက်ပံ့သတင်း ပေးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်နောက်နောင်ထပ်ဖြစ်ပါက တရွာလုံးကြီးလေးသည့်ပြစ်ဒဏ် ပေးမည်ဟု နအဖစစ်တပ်က ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအုပ်စုသည် အသွင်ပြောင်းရေးလက်မခံသည့် အပစ်ရပ်သျှမ်းပြည် တပ်မတော် (တပ်မဟာ ၁) ၏ ထိန်းချုပ်နယ်မြေဖြစ်ပါသည်။
24 October 2010
နအဖ စစ်တပ်တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအားနှိပ်ကွပ်
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment