သာမာန် သစ်ပင်တပင် ဖြစ်ဖို့ အတွက်တောင်
တန်ဖိုးရှိတဲ့....မြေသြဇာလိုတယ်
နွေးထွေးမှု့ ပေမဲ့ နေရောင်ခြည်လိုတယ်
လတ်ဆတ်တဲ့.....လေပြေတွေ လိုတယ်
အသက်ဆက်ပေးဖို့...ရေတွေ လိုတယ်
ရှင်သန်ကြီးထွားဖို့ အတွက် ပေါင်းသင်
ယုယမှု့ တွေပေးရတယ်.......။
ငါ စိုက်လိုက်တဲ့သစ်တပင်က
အချစ်တဲ့...........
သာမာန်ထက် ပိုဂရုစိုက်မှု့ ပေးရတယ်
ရှင်သန်ဖို့ အတွက် မေသြဇာအဖြစ်
မေတ္တာတရားကိုပေးရတယ်
တန်ဖိုးရှိတဲ့အကြင်နာတရားနဲ့
နွေးထွေးမှု့ ကိုဖန်တီးပေးရတယ်
လတ်ဆတ်တဲ့....အနမ်းများစွာနဲ့ 
လတ်ဆတ်တဲ့ ရနံ့ တွေရှုရှိုက်ခွင့်ရဖို့ ဖန်တီးပေးခဲ့တယ်
ပေးဆပ်မှု့ တချိုနဲ့ ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်မှု့ တွေကို
ရေလောင်းပေါင်းသင်ခဲ့ရတယ်.......
နားလည်မှု့ တွေနဲ့ ......နေ့ စဉ်အသက်ဆက်ဖို့ 
အရိပ်စစ်တွေ အုပ်မိုးပေးခဲ့ရတယ်..
သာမာန် သစ်တပင်စိုက်ရတာ လောက်တော့
မလွယ်ကူခဲ့ဘူး.................။
သူတဖြေးဖြေးနဲ့  ရှင်သန်ကြီးထွား
အရွက်တွေ တောင် တဖားဖား နဲ့ 
စိမ်းစိမ်းစိုစို.......ငါ့ရင်တွေလဲ ဖိုလို့ 
ငါ့ပီတိ တွေ ငါကိုယ်တိုင်ပြန်မြင်ရတယ်
အနီရောင်...အသီး ၀င်းဝင်း တွေကို
ထိမိတော့....နုညံ့ခြင်းတွေကို ငါခံစားရတယ်
ကမ္ဘာပေါ်က အရသာတွေအားလုံးထက်
ပိုပြီးချိုမြ ပြည့်စုံတဲ့ သစ်သီး တလုံးဖြစ်လိမ့်မယ်ဆိုတာ
အသေအချာကြီး ယုံကြည်မိခဲ့တယ်....။
ဒါပေမဲ့ပေါ့.....
မျိုချမိမှ.......အာဒံနဲ့ ဧ၀ စားဖူးခဲ့တဲ့
ပန်းသီး တစ်လုံးလို
ပြင်းရှရှနဲ့ အမည်တပ်ဖို့ ခက်ခဲ့တဲ့
ဝေဒနာတခုကို ငါခံစားရတယ်
အသက်ရှုတွေ မွန်းကျပ်လာရင်းနဲ့ 
နှလုံးသားကို ဓားတချောင်းနဲ့ 
အဆက်မပြတ် မွန်းနေသလို ခံစားရတယ်...။.
တဖြေးဖြေးနဲ့ .........
မျက်လုံးအစုံ ကိုမှိတ်လိုက်တဲ့အခါ
ပူနွေးစွတ်စိုတဲ့.မျက်ရည်တချို့ စီးဆင်းလာခဲ့တယ်
နောက်ဆုံး အသက်ကို ပင်ပင်ပန်းပန်းနဲ့ 
တချက်ရှုရှိုက်လိုက်မိတော့
အာရုံထဲမှာ.........သူ့ ကိုပဲ မြင်ရတယ်
အော်.......
ကျမ ရဲ့ သစ်ပင်ရယ်..ကိုယ်တိုင်ပျိုးခဲ့တဲ့
သစ်တပင်က..အဆိပ်တပင်ဖြစ်နေခဲ့တာ
နောက်ကျမှ သိခဲ့ရတယ်.......
ငါ့အသည်းကို လောင်မြိုက်လို့ 
ငါ့အသက်သေပါစေ.....
ကျေးဇူးပြုပြီး ငါ့နှလုံးသွေးတွေနဲ့ 
ပျော်ရွင်စွာ..........လွတ်လပ်စွာ
သူဆက်ပြီးရှင်သန်ပါစေ ကွယ်..
ကျမ သေဆုံးသွားခဲ့ပြီးရင်တော့
သူ့ ရဲ့ အရိပ်အောက်မှာပဲ..
ထာဝရ လဲလှောင်း ပါရစေ..။
ပန်းပွင့်ဆိုတဲ့ညီမလေးတယောက်ပို့ပေးလိုက်တာ။ကြိုက်လွန်းလို့တင်လိုက်ပါတယ်။
19 October 2010
ကျမရဲသစ်ပင်
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment