ဧရာဝတီဘလော့မှ......
ထိုင်း - မြန်မာ နယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည် စခန်းမှာ ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ဒီနေ့ နံနက် သွားရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ ဒုက္ခသည် တချို့လည်း အဖမ်းခံရလို့ ထိုင်းသတင်း တပုဒ်မှာ ဖော် ပြထားပါတယ်။
စစ်တပ်က ဒုက္ခသည်စခန်းမှာ လက်နက်ပစ္စည်တွေ မူးယစ်ဆေးဝါးနဲ့ တချို့တရားမ၀င် ပစ္စည်းတွေ ရှိတဲ့ အကြောင်း သတင်းရထားတဲ့အတွက် စစ်တပ်အင်အား ၁၅၀ လောက်နဲ့ ၀င်ရောက် စစ်ဆေး ဖမ်းဆီးခဲ့တာပါ တဲ့။ ၀င်ရောက် စစ်ဆေးတဲ့ နေရာကတော့ ဇုန်-ဘီ မှာ ဖြစ်ပါတယ်။
အဲဒီတော့ ဆေးခြောက် တကီလို၊ သေနတ် ၃ လက်နဲ့ အတူ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသေးတဲ့ လူတွေလည်း အဖမ်းခံရတယ်လို့ သိရပါတယ်။
သူတို့ကို အခု တရား ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ အတွက် မယ်သဝေါ် (ထဆောင်ရန်း) ရဲစခန်းမှာ ပို့ထားပါတယ်။
သန်းထိုက်ဦး
19 October 2010
ဒုက္ခသည်စခန်းမှာ စစ်တပ်က ဝင်ဖမ်း
Etiketter: ကရင်သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment