ကန္တာရဝတီတိုင်းမ်
ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်နှင့် ရှားတောမြို့နယ်တို့ အကြားရှိ ပွန်ချောင်းတံတား အနီးတွင် တပ်စွဲထားသော မြန်မာတပ်ဖွဲ့နှင့် ကရင်နီတပ်မတော်တို့ ၂၆ ရက် အင်္ဂါနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ကရင်နီတပ်မတော်မှ ဗိုလ်မှူး မူရှေး ဦးဆောင်သည့် တပ်ရင်း ၃ က အဆိုပါ တံတားကို ဖောက်ခွဲပြစ်ခဲ့သည့်အပြင်၊ တံတားအနီး တပ်စွဲ ထားသည့် ဗိုလ်ကြီး ကျော်ကိုသန်း ဦးဆောင်သည့် ခလရ ၇၂ တပ်စခန်းကိုလည်း သုံးနာရီကြာ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၎င်းတိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကရင်နီဗဟို သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးအောင်ဆန်းမြင့်က “အဓိကက စစ်ရေး လေကွာ၊ ရန်သူရဲ့ အဓိက စစ်တပ်စခန်းကို ၀င်တီးတာပေါ့။ ပညာသား နည်းလေးနဲ့ ပါရင် ပါမှာပေါ့ကွာ။ နည်းနည်း အကြောင်းပြတာ ဖြစ်ရင်လဲ ဖြစ်မှာပေါ့။ ငါတို့က ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်ရေးမူ ချထားတာကိုး” ဟု ပြောပါသည်။
၎င်းတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က ၄ ဦး ကျဆုံးသွားပြီး၊ ဒု-ရဲအုပ် ထွန်းထွန်းဝင်း၊ ဒု-တပ်ကြပ် အောင်ကျော်မိုး၊ ဒု-တပ်ကြပ် ရန်မျိုးအောင်၊ တပ်ကြပ် ၀င်းစိုး (ခလရ ၇၂) တို့ကို ကရင်နီ တပ်မတော်က ဖမ်းဆီးရမိလိုက်သည့်အပြင် လက်နက်ခဲယမ်း အချို့ကိုပါ သိမ်းဆည်းရမိလိုက်သည်ဟု ကရင်နီတပ်မတော်ဖက်က ပြောသည်။
“ဗိုလ်မှူး တစ်ယောက်နဲ့ ရဲနှစ်ယောက်ပဲ လွတ်သွားတယ် ပြောတယ်။ စခန်းကို မီးရှို့လိုက်တယ်။ ပွန်ချောင်း တံတား အောက်ခံ ပျဉ်တွေ ကွာကုန်ပြီး ယိုင်နေလို့ ကားတွေသွားမရ ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုလို တိုက်ပွဲ ဖြစ်ပွားသည့်အတွက် တံတားအနီးရှိ ပွန်ချောင်း ကျေးရွာသားများ အနေနှင့် ၎င်းတို့၏ နေအိမ်များအား မြန်မာစစ်တပ် များက လာရောက် မီးရှို့မည်ကို ကြောက်လန့်နေကြသည်ဟု ပွန်ချောင်းရွာသား တစ်ဦးက ပြောသည်။ “ရွာသားတွေ အရမ်းကို လန့်နေကြတယ်။ ဘုန်းကြီးကျောင်းမှာ ပစ္စည်းတွေ လာစုထားကြတယ်” ဟု ပြောသည်။
ရွာသားများ ယခုကဲ့သို့ ကြောက်လန့်နေကြရခြင်းမှာ မြန်မာစစ်အစိုးရ တပ်ရင်းများက ကရင်နီတပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားရာတွင် ၎င်းတို့ဘက်မှ အကျအဆုံးများ ရှိပါက ဒေသခံများ၏ နေအိမ်များအား မီးရှို့ခြင်း၊ ရွာသားများအား ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ တောင်ယာသွားခွင့် ပိတ်ပင်ခြင်း၊ ကျေးရွာများအား မောင်းထုတ်ခြင်းများ ပြုလုပ်လေ့ ပြုလုပ်ထ ရှိခြင်းကြောင့်ဟု ကရင်နီ ဗဟိုသတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ခူးဒယ်နီယာက ပြောသည်။
“အဲလိုမျိုး အမြဲတမ်း အဖြစ်ခံရတာပဲ။ အထူးသဖြင့် ဒီအချိန်က စပါးရိတ်သိမ်းတဲ့အချိန်၊ သီးနှံရိတ်သိမ်းတဲ့ အချိန်တွေ ဆိုတော့ အရေး ကြီးတယ်” ဟု ပြောသည်။
ကရင်နီပြည်အတွင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန်နှင့် ပြုလုပ်မှု ရှိပါက စစ်ရေးအရ ကြုံသလို အရေးယူ ဆောင်ရွက် သွားမည်ဟု ကရင်နီတပ်မတော်က လွန်ခဲ့သည့် လက စာများ ဖြန့်ဝေခဲ့သည်။
ကရင်နီတပ်မတော်မှ ဗိုလ်မှူး မူရှေး ဦးဆောင်သည့် တပ်ရင်း ၃ က အဆိုပါ တံတားကို ဖောက်ခွဲပြစ်ခဲ့သည့်အပြင်၊ တံတားအနီး တပ်စွဲ ထားသည့် ဗိုလ်ကြီး ကျော်ကိုသန်း ဦးဆောင်သည့် ခလရ ၇၂ တပ်စခန်းကိုလည်း သုံးနာရီကြာ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကရင်နီစစ်သားများက မြန်မာစစ်သားများအား အင်္ဂါနေ့ တိုက်ပွဲအတွင်း ချေမှုန်းနိုင်ခဲ့သည်။
၎င်းတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က ၄ ဦး ကျဆုံးသွားပြီး၊ ဒု-ရဲအုပ် ထွန်းထွန်းဝင်း၊ ဒု-တပ်ကြပ် အောင်ကျော်မိုး၊ ဒု-တပ်ကြပ် ရန်မျိုးအောင်၊ တပ်ကြပ် ၀င်းစိုး (ခလရ ၇၂) တို့ကို ကရင်နီ တပ်မတော်က ဖမ်းဆီးရမိလိုက်သည့်အပြင် လက်နက်ခဲယမ်း အချို့ကိုပါ သိမ်းဆည်းရမိလိုက်သည်ဟု ကရင်နီတပ်မတော်ဖက်က ပြောသည်။
“ဗိုလ်မှူး တစ်ယောက်နဲ့ ရဲနှစ်ယောက်ပဲ လွတ်သွားတယ် ပြောတယ်။ စခန်းကို မီးရှို့လိုက်တယ်။ ပွန်ချောင်း တံတား အောက်ခံ ပျဉ်တွေ ကွာကုန်ပြီး ယိုင်နေလို့ ကားတွေသွားမရ ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုလို တိုက်ပွဲ ဖြစ်ပွားသည့်အတွက် တံတားအနီးရှိ ပွန်ချောင်း ကျေးရွာသားများ အနေနှင့် ၎င်းတို့၏ နေအိမ်များအား မြန်မာစစ်တပ် များက လာရောက် မီးရှို့မည်ကို ကြောက်လန့်နေကြသည်ဟု ပွန်ချောင်းရွာသား တစ်ဦးက ပြောသည်။ “ရွာသားတွေ အရမ်းကို လန့်နေကြတယ်။ ဘုန်းကြီးကျောင်းမှာ ပစ္စည်းတွေ လာစုထားကြတယ်” ဟု ပြောသည်။
ရွာသားများ ယခုကဲ့သို့ ကြောက်လန့်နေကြရခြင်းမှာ မြန်မာစစ်အစိုးရ တပ်ရင်းများက ကရင်နီတပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားရာတွင် ၎င်းတို့ဘက်မှ အကျအဆုံးများ ရှိပါက ဒေသခံများ၏ နေအိမ်များအား မီးရှို့ခြင်း၊ ရွာသားများအား ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ တောင်ယာသွားခွင့် ပိတ်ပင်ခြင်း၊ ကျေးရွာများအား မောင်းထုတ်ခြင်းများ ပြုလုပ်လေ့ ပြုလုပ်ထ ရှိခြင်းကြောင့်ဟု ကရင်နီ ဗဟိုသတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ခူးဒယ်နီယာက ပြောသည်။
“အဲလိုမျိုး အမြဲတမ်း အဖြစ်ခံရတာပဲ။ အထူးသဖြင့် ဒီအချိန်က စပါးရိတ်သိမ်းတဲ့အချိန်၊ သီးနှံရိတ်သိမ်းတဲ့ အချိန်တွေ ဆိုတော့ အရေး ကြီးတယ်” ဟု ပြောသည်။
ကရင်နီပြည်အတွင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန်နှင့် ပြုလုပ်မှု ရှိပါက စစ်ရေးအရ ကြုံသလို အရေးယူ ဆောင်ရွက် သွားမည်ဟု ကရင်နီတပ်မတော်က လွန်ခဲ့သည့် လက စာများ ဖြန့်ဝေခဲ့သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment