သျှမ်းသံတော်ဆင့်
ပဲခူးမြို့ ဥသာမြို့သစ် အမှတ် ၈ ရပ်ကွက် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီရုံး စက်တင်ဘာလ ၂၉ ရက် ဗုံးဖေါက် ခွဲမှုတွင် တပ်မတော်သားများကိုယ်တိုင် ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF က ပြောဆိုလိုက်သည်။
အဆိုပါ ဗုံးဖေါက်ခွဲမှုကို ABSDF မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ ကိုဝေလင်းဇင်နှင့် အဖွဲ့ဝင် ကိုခင်ကျော်တို့က ကြိုးကိုင်စေခိုင်းခဲ့ သည် ဆိုသော ယခုလ ၂၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ နအဖ၏ စွပ်စွဲချက်ကို ABSDF က တုန့်ပြန် လိုက်ခြင်း ဖြစ်သည်။
အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်သည့် ABSDF ကြေငြာချက်၌ နအဖ၏ သတင်းထုတ်ပြန်ချက်အရ ပဲခူး ဗုံးဖေါက်ခွဲမှု တွင် အဖမ်းခံခဲ့ရသူ ၄ ဦးအနက် ကိုမင်းမင်းထွန်းမှာ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ မှ တပ်ဆွယ်မှူးဖြစ်ကြောင်း၊ ကိုအောင်မျိုးမင်းသူမှာလည်း ရန်ကုန်တိုင်း အင်းတိုင်ပင်မစစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး တပ်မှ တပ်ကြပ်ကြီး ဖြစ်ကြောင်း ဖေါ်ပြထားသည်။
စစ်အုပ်စု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် တပ်မတော်သားများ ကိုယ်တိုင် ပါဝင်လာသည့်အချက်ကို စစ်အုပ်စု သတင်းထုတ်ပြန် ချက်က ဖုံးကွယ်ထားကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက RFA သတင်းဋ္ဌာနနှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောကြား ခဲ့သည်။
ထို့အပြင် လွတ်မြောက်ရေးတိုက်ပွဲဝင်မှုများ၏ အဓိကတာဝန်ရှိသူမှာ ဖိနှိပ်အုပ်ချုပ်သည့် စစ်အစိုးရသာ ဖြစ်ပြီး တိုင်းပြည် အတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများ မှန်ကန်စွာမဖြေရှင်းသ၍ တိုက်ပွဲဝင်မှုများ လိုအပ်နေဦးမည် ဟု ကြေငြာ ချက်က ဆိုသည်။
စစ်အာဏာရှင်စနစ်အောက်၌ သာမန်ပြည်သူများသာမက တပ်မတော်သားများပါ အဖိနှိပ်ခံရမှုကြောင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေးတွင် တပ်မတော်သားများပါဝင်လာခြင်း ဖြစ်ပြီး ABSDF ကကြိုဆိုထောက်ခံကြောင်း ဖေါ်ပြထားသည်။
ပဲခူးမြို့ရှိ လူ့အခွင့်အရေးလှုပ်ရှားနေသော လမ်းပြကြယ်အဖွဲ့မှ ရှေ့နေဦးအေးမြင့်ကလည်း ပဲခူးဗုံးဖေါက်ခွဲမှုတွင် ပါဝင်သူမှာ ရန်ကုန်တိုင်း စရဖအဖွဲ့မှ ဖြစ်ကြောင်း ရဲအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ၄င်းဗုံးခွဲမှု ဖြစ်ပွားသည့် နေ့၌ RFA သတင်း ဋ္ဌာနသို့ ပြောကြားခဲ့သေးသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးသည် ၁၉၈၈ မြန်မာ့ဒီမိုကရေစီလူထုအုံကြွမှုအပြီး နဝတ စစ် အုပ်စုကို လက်နက်ကိုင်တော်လှန်ရန် ကျောင်းသားအများစုပါဝင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး ယနေ့တိုင် နအဖ စစ်အုပ်စုကို လက်နက်ကိုင်ဆန့်ကျင်နေသော တပ်ဖြစ်သည်။
29 October 2010
ဗုံးဖေါက်ခွဲမှု၌ တပ်မတော်သားများကိုယ်တိုင် ပါဝင်ဟု ABSDF တုန့်ပြန်
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment