ဧရာဝတီဘလော့မှ...
မနေ့က ဧရာဝတီ သတင်းတပုဒ် ဖြစ်တဲ့ ကြံ့ဖွံ့ အင်အားတောင့်လို့ နိုင်မယ် ဆိုတဲ့ သတင်းမှာ စာဖတ်သူ တယောက်က ကော်မန့် ရေးသွားတာ စိတ်ဝင်စားစရာပါ။ အင်္ဂလိပ်လို ရေးထားပါတယ် သူက။
ဗိုလ်သန်းရွှေ သမ္မတ မဖြစ်ချင်ဘူး လို့ သူက သုံးသပ်ပါတယ်။ သရော်တာလည်း ဖြစ်နိုင်သလို ထင်ရာစိုင်းနေတဲ့ ဗိုလ်သန်းရွှေရဲ့ စိတ်ကူးကို ခန့်မှန်းကြည့်တာလည်း ဖြစ်နိုင်ပါတယ်။
သူ ပြောတာက -
တရားတဲ့နည်းဖြစ်ဖြစ် တရားမ၀င်နည်းနဲ့ ဖြစ်ဖြစ် ကြံ့ဖွံ့က ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်မယ်။ လွှတ်တော်မှာ နေရာ အများဆုံး ရမယ်။ အခြေခံဥပဒေကို ပြန်ပြင်နိုင်မယ်။ ပြင်လိုက်တဲ့အတွက် ဗိုလ်သန်းရွှေက ဘုရင်သန်းရွှေ ဖြစ်လာပါမယ်။ သူ့မိသားစုက ဘုရင်စနစ် ထူထောင်ချင်နေတာ တဲ့။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment