မိုးခေါင်သလိုမျိုးငါတို့ဘဝတွေ
အနှစ် ၆၀
ကျော်လောက်ခေါင်နေခဲ့ရတယ်
ဆာလောင်မှုတွေ
အမုန်းစစ်ပွဲဝေဒနာတွေ
မလိုချင်တော့ဘူး
ပွင့်လင်းရာသီဆိုတာကလည်း
အဆိပ်ရည်လူးထားတဲ့
ဒိုင်အာခီဘဲထင်ပါရဲ့
ဘယ်တော့လဲမျော်တလင့်လင့်နဲ
ငါတို့ရဲ့သွေးတွေလည်းမြေခ
တချိုလည်းကြယ်တွေလို့ကြွေကျ
မှင်စက်တွေပေပွနေတဲ့
သမိုင်းရဲ့ရင်ကျက်မှု့မှာ
လစ်လှူရှု့နေတဲ့ကာလတွေ
အတိက်ကိုပြည်ဖုံးကာချ
ငါတို့မုန်းတဲ့ အဲဒီ.........အဆိပ်...
ကျီးလန့်လို့လန့်နေရသလိုမျိုး
ဘယ်တော့လဲ
ဘယ်အချိန်လည်း
မျော်လင့်ခြင်တွေနဲ့
တည်ဆောက်ထားတဲ့အိမ်လေး
ပြာကျသွားမှာကိုကြောက်တယ်
ပွင့်လင်းရာသီရယ်
ပြာတွေဖုံးနေတဲ့
မနက်ဖန်ဆိုတာ ...
8 October 2010
အနာဂတ် မဲ့တဲ့ ဘဝလေးတွေ
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment