ကော်သူးလေးရေ
ခေါင်းဆောင်တွေ
တယောက်ပြီး တယောက်ကျဆုံးလည်း
မင်းတို့ ငါတို့အားငယ်နေဖို့မလိုဘူး
တို့ခေါင်းဆောင်တွေ
အနာဂတ်အတွက်
မွေးထုတ်သင်ပေးထားခဲ့တဲ့
မျိုးဆက်သစ် ခေါင်းဆောင်
သွေးချင်းညီအကိုတွေရှိတယ်
ကော်သူးလေးရေ
တို့ကရင်တွေ မညံ့ပါဘူးကွာ
ရိုးသားကြတယ် မကောက်ကျစ်ဘူး
မယုတ်မာဘူး။
ကော်သူးလေးရေ
တို့ကရင်တွေ
စိတ်ဓာတ်မှာ ကြံခိုင်လို့
သတ္တိရှိတယ်
ဇွဲလုံ့လ အမြဲမလျှော့ပဲ
ဝိရိယအားကောင်းတယ်
ကော်သူးလေးရေ
တို့ကရင်တွေ
တော်လှန်ရေးလောကမှာ
သက်တမ်းအရှည်ဆုံးနဲ့
အင်အားအကြီးဆုံး
ရပ်တည်လာခဲ့တာ
ကမ္ဘာကအသိ။
ကော်သူးလေးရေ
တို့ကရင်တွေမှာ
ကိုယ်ပိုင်စာပေ
ကိုယ်ပိုင်ယဉ်ကျေးမူ
ကိုယ်ပိုင်ရိုးရာဓလေ့များနဲ့
ရပ်တည်လာတဲ့လူမျိုးဖြစ်တယ်
ကော်သူးလေးရေ
မာန်ကိုမလျှော့ ရင်ကိုကော့လိုက်
မျိုးယုတ်တို့ကျွန်အဖြစ်မခံပဲ
တွန်းလှန်စိတ်ကို ရင်မှာပိုက်ပြီး
သမိုင်းပေးတာဝန်
အပျက်မခံပဲ သွေးကြွေးဆပ်ကာ
သခင်ခြံတဝိုက် ကရင့်အလံပြန်စိုက်ကြမယ်
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်ကြမယ်။
မှတ်ချက်။ ။ကရင်အမျိုးသားများအတွက်အသက်ကိုပဓနမထားပဲ မှန်ကန်သော တော်လှန်ရေးလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေကြသောကရင်တပ်မတော်သားများကို ဤကဗျာလေးအားဖြင့်ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
8 October 2010
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်ကြမယ်။
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment