18 October 2010

ချစ်သူသို့

ဒီလောကထဲ မျက်နှာမွဲလေးနဲ့
အပြိုင်နွဲကြ ချစ်သူဘ၀မှာ
ချစ်ပွဲမုန်းကွဲ ရှိစမြဲမို့
ဒီ နှစ်ပွဲမှာ ဖြစ်ခဲ့လာရင်
ကိုယ်မပါလို မုန်းပွဲမှာဆို
တောင်းဆုဆိုသည် ဆုပန်မည်
အေးချမ်းမျှတ ချစ်ရည်တူမျှ
နေပါရစေ တောင်းဆုခြွေမယ်လေ။။။။။။။

ဒီလောကမှာ ကံစမ်းမဲပမာ
ချစ်ကြရှာသော် မနက်ဖြန်အရေး
ပျော်ပါးကြည်နူး စိတ်ကူးနေမိ
ညွှတ်မူးနွယ်တက် ချစ်ဂယက်မှာ
ချစ်ဆိပ်တက်လို့ မျှောပါးနေလဲ
အပြစ်မမြင် ခွင့်လွတ်လျှက်ပင်
အချစ်ဝင်ကာ ကျေနပ်စမြဲ
ပျော်စရာပေါ့  လွမ်းမလျော့။။။။။။။။

ဒီလောကထဲ ကြုံဆုံစမြဲ
မုန်းကွဲ ကမူ မဆုံရက်သူ
ငြူစူပစ်တင် ကိုယ်မဖြစ်ချင်
အသစ်မြင်ကာ သွေဖည်ပစ်ခွါ
ထားခဲ့သစ္စာ နှလုံးပန္နက်မှာ
မေ့ရက်ပါသည် ဒို့မယုံကြည်
မျက်ရည်စိုရွှဲ ၀သန်မိုးဖွဲသဲ
ငိုပွဲဆင်တော့ ချစ်မလျှော့။။။။။။။။

ကိုယ်ကတော့လေ ချစ်စိတ်တွေကြွေ
တွေဝေငေးမော ချစ်ဆင်ချောဘို့
သောကတောမှာ စိုးရိမ်စိတ်ဖြာ
မနေခဲ့ချင် စိုးစိတ်ဝင်
ပျော်ရွှင်ရယ်မော တစ်သောသောနဲ့
အေးသောဘ၀ ဖြစ်ချင်လှ
ချမ်းမြသာယာ ချစ်သူကမ္ဘာ
လိုချင်ပါသည် တမ်းတသည်။။။။။။

နွယ်တပင်နှယ် ခိုခွင့်ရလဲ
တွယ်ငင်ရစ်နှောင် အသဲခိုက်အောင်
အချစ်နှောင်ကြိုး ရစ်ပတ်ဖြည်ခက်
တိုးလို့ မလာ စိုးထင့်ဝင်ကာ
ဖြူစင်မေတ္တာ မေ့သဲညှာမှာ
ပေးလှည့်ပါနော် ပေးပါနော်
ပျော်ပျော်လေးပဲ ချစ်ရည်နွဲ
နေချင်တယ်ပါတယ်ချစ်သူရယ်။။။။။။။။


ကျဝ့်

0 kommentarer:

Post a Comment