ဒီလောကထဲ
အပြိုင်နွဲကြ
ချစ်ပွဲမုန်းကွဲ
ဒီနှစ်ပွဲမှာ
ကိုယ်မပါလို
တောင်းဆုဆိုသည်
အေးချမ်းမျှတ
နေပါရစေ။။။။။။။
ဒီလောကမှာ
ချစ်ကြရှာသော်
ပျော်ပါးကြည်နူး
ညွှတ်မူးနွယ်တက်
ချစ်ဆိပ်တက်လို့ 
အပြစ်မမြင်
အချစ်ဝင်ကာ
ပျော်စရာပေါ့ ။။။
ဒီလောကထဲ
မုန်းကွဲကမူ
ငြူစူပစ်တင်
အသစ်မြင်ကာ
ထားခဲ့သစ္စာ
မေ့ရက်ပါသည်
မျက်ရည်စိုရွှဲ
ငိုပွဲဆင်တော့။။။
ကိုယ်ကတော့လေ
တွေဝေငေးမော
သောကတောမှာ
မနေခဲ့ချင်
ပျော်ရွှင်ရယ်မော
အေးသောဘဝ
ချမ်းမြသာယာ
လိုချင်ပါသည်။။။။
နွယ်တပင်နှယ်
တွယ်ငင်ရစ်နှောင်
အချစ်နှောင်ကြိုး
တိုးလို့ မလာ
ဖြူစင်မေတ္တာ
ပေးလှည့်ပါနော်
ပျော်ပျော်လေးပဲ
နေချင်တယ်။။။။။။။
ကျဝ့်
18 October 2010
သိစေချင်
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment