့ဒေါနရင်ခွင်အောက်
တရားသောစစ်ကို
ရင်ဆိုင်ရင်းဖြတ်သန်း
ကျေးငှက်သီခြင်းသံကြားမှာ
ငါနားထောင်မိတာက
ယမ်းငွေသံစဉ်
ရှည်လျှားလှတဲ့သမိုင်း
ငါရေးဖို့ကြီုးစားနေတုန်း
မမျော်လင့်တဲ့မုန်းတိုင်က
ကြေမွသွားခဲ့တဲ့ ငါ့ရဲ့နလုံးသားကို
ဒေါနရင်ခွင်က
ငါထွက်လာခဲ့ရတယ်
ငါသွေးသားထဲမှာ
ဖြစ်ပေါ်လာတဲ့ဝေဒနာတခု
အရောင်အဆင်း အနံ့အရသာ မရှိပါ
ဝေဒနာဆိုတာ
နာကြီးခံစားမှု ဆိုတာပဲသိတယ်
ကရင်ကိုချစ်တယ် ဆိုတဲ့မင်း
နာမည်လေးတလုံးနဲ့
အမျိုးကိုချစ်တဲ့သီချင်းတွေဆို
ဟန်ဆောင်မှု ကောင်းတဲ့ကျီး
ငါဝမ်းဝရင် ပြီးရောဆိုပြီး
ကြေစား နိုင်ငံရေးဝင့်လုပ်
နှစ်ပေါင်း ၆၀ ကျော်ကာလ မှာ
ဒီမိုကရေစီ သီချင်းအရသာကိုခံစား
အနပညာသမား မင်းက
မျိုးချစ်တယ်တဲ့လား
မှတ်ချက်. .သူငယ်ချင်း၏ခံစားချက်ကိုပုံဖော်ရေးသားသည်။
16 October 2010
မျိုးချစ်တဲ့ မင်း
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment