၂၀၀၆ နဲ့ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာအနှံ့ကို စစ်လက်နက် လေးပုံ သုံးပုံ တင်ပို့ပေးတဲ့ အဓိက နိုင်ငံကြီး ၅ ခုမှာ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဂျာမဏီ၊ ပြင်သစ် နဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်သည်။ ထိုနိုင်ငံကြီး ၅ နိုင်ငံက
တိုက်ရိုက် ရောင်းချတာမျိုးမဟုတ်ဘဲ တဆင့်ခံနိုင်ငံများဖြင့် တစ်ကမ္ဘာလုံးကို ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
The Stockholm International Peace Research Institute မှ ပညာရှင်အဖွဲ့ရဲ့ အဆိုအရ ထို လက်နက် ရောင်းချမှု ပမာဏမှာ ၂၀၀၁-၂၀၀၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း အရေအတွက် တိုးမြင့်လာကြောင်းနှင့် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးစတဲ့ ခေါင်းစဉ်များဖြင့် တရားဝင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်း လက်နက် အများဆုံး တင်ပို့ခဲ့တဲ့ နိုင်ငံနှစ်နိုင်ငံက အိန္ဒိယနဲ့ တရုတ်ဖြစ်ပြီး၊ ၄င်းတို့ ရောင်းချတဲ့ လက်နက် ၈၀ ရာခိုင်နှုန်းကို ရုရှားမှ ၀ယ်ယူပြန်ရောင်းခဲ့ခြင်း ဖြစ်သည်။ တတိယနဲ့ စတုတ္ထ လက်နက်အများဆုံး ရောင်းချတဲ့ နိုင်ငံနှစ်ခုက တောင်ကိုရီးယားနဲ့ ပါကစ္စတန် တို့ဖြစ်သည်။ ထို နှစ်နိုင်ငံက အမေရိကန်လုပ် လက်နက်များ ပြန်ရောင်းချမှုဖြင့် မျိုးမျိုးမြတ်မြတ် ရရှိခဲ့ကြသည်။
အထက်ပါ ဇယားတွင် လက်နက်ထုတ်လုပ်တဲ့ နိုင်ငံကြီး ငါးနိုင်ငံမှတဆင့် တစ်ကမ္ဘာလုံးကို လက်နက်များ ဖြန့်ဝေ ရောင်းချ ပေးနေတဲ့ နိုင်ငံများရဲ့ ငါးနှစ်အတွင်း တင်ပို့မှု အချိုးအစားကို ဖော်ပြထားပါသည်။
ကြော်ငြာ။ အမေရိကန် လုပ် လက်နက်လိုချင်ရင် တောင်ကိုရီးယားနှင့် ဆက်သွယ်ပါ။ ရုရှားလုပ် လိုချင်ရင် တရုတ် အန္ဒိယနဲ့ ဆက်သွယ်ပါ။ ဂျာမဏီလုပ် လိုချင်ရင် မလေးရှားနဲ့ ဆက်သွယ်ပါ။ ပြင်သစ် လုပ် လိုချင်ရင် စင်္ကာပူနဲ့ အနီးဆုံး ဆက်သွယ်ပါ။ ဒေသတွင်း မည့်သည့်အစိုးရဖြစ်ဖြစ် တရားဝင် ရောင်းချပေးပါမည်။ တရားမ၀င် ရောင်းဝယ်မှုပြုလျှင် အဓိက နိုင်ငံကြီး ငါးနိုင်ငံက သူတို့ဆီက ၀ယ်တဲ့လက်နက်ဟု မယူဆတဲ့အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်ရေး ထိခိုက်မည့် အကြောင်း အော်ဟစ် ဟန့်တားမည်ဖြစ်သည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment