







အီဂျစ်တစ်နိုင်ငံလုံးတွင် နှစ် ၃၀ ကျော် အာဏာချုပ် ကိုင်ထားတဲ့ သမ္မတ ဟို့စနီမူဘာရက် ပြုတ်ကျရေး တောင်းဆို ဆန္ဒပြမှုများ အင်္ဂါနေ့မှစပြီး ဆက်တိုက် ဖြစ်ပေါ်နေသည်။ ကိုင်ရိုမြို့တော် ဆန္ဒပြသူများက
တစ်ညလုံး ဆန္ဒပြဖို့ မြို့တော်ရင်ပြင်တွင် ဆက်ရှိနေခဲ့ပြီး၊ လုံခြုံရေးရဲများမှ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့သည်။ ရဲနှင့် ဆန္ဒပြသူများအကြား ပဋိက္ခများ တစ်ညလုံးဖြစ်ခဲ့ပြီး အရပ်သားနှစ်ဦးနှင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့သည်။ ကိုင်ရို တက္ကသိုလ်နှင့် Tahrir ရင်ပြင်တွင် လက်နက်ကိုင်ရဲများ၊ မီးသတ်ကားများ သံချပ်ကာယာဉ်များကို ထူထပ်စွာ ချထားသည်။တူနီရှားနိုင်ငံ နေ့စဉ်ဆန္ဒပြမှုများနဲ့ အပြောင်းအလဲ ဖြစ်ရပ်များက အွန်လိုင်းမှတဆင့် ‘ဒိုမီနို အကျိုးသက်ရောက်မှု’ ဖြစ်ပေါ်လာပြီး အီဂျစ်နှင့် အခြားအာရပ်နိုင်များကို ကူးစက်လာခဲ့သည်။ အီဂျစ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှင့် အစိုးရ ဖိနှိပ်မှုများကို စိတ်ပျက်နေတဲ့ လူငယ်ထုက တူနီရှားသမ္မတ ထွက်ပြေးမှုကို အားကျပြီး၊ သမ္မတမူဘာရတ်ကို မောင်းထုတ်ဖို့ အွန်လိုင်းကနေ စည်းရုံး ဆန္ဒပြကြခြင်း ဖြစ်သည်။ ဆန္ဒပြပွဲ ပါဝင်ဖို့ Facebook တွင် အီဂျစ်လူငယ် ၈၀,၀၀၀ ကျော်က လက်မှတ်ထိုး သဘောတူ ထွက်ခဲ့ကြခြင်း ဖြစ်သည်။
အီဂျစ်လူငယ် ဘလော့ဂါ Hossam El Hamalawy က “တူနီရှားဖြစ်ရပ်က ကျနော်တို့အတွက် လုံလောက်နေပြီ။ တူနီရှားလုပ်နိုင်ရင် ကျနော်တို့ ဘာကြောင့်မလုပ်နိုင်ရမလဲ။ ကျနော်တို့ အလုပ်ဖြစ်တဲ့ အစိုးရမျိုးလိုချင်တယ်။ မာရှယ်လော မလိုချင်ဘူး။ ဘယ်လိုဖိနှိပ်မှုမျိုးမှ မလိုချင်ဘူး။ တူနီရှားက ဘန်အလီ ထွက်ပြေးသလိုမျိုး မူဘာရတ် ထွက်ပြေးတာပဲ မြင်ချင်တယ်” ဟု Al Jazeera ရုပ်သံကို ပြောသည်။
ဆန္ဒပြသူများက သမ္မတ မူဘာရက် နှစ် ၃၀ အာဏာမြဲအောင် အကာအကွယ်ပေးတဲ့ အီဂျစ်ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ အထိမ်းမှတ်နေ့ကို ရွေးပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ရဲ့ လူထုအပေါ် ရက်စက်ယုတ်မာမှုကို ပြသဖို့ ရဲအထိမ်းအမှတ်နေ့ ဇန်န၀ါရီ ၂၅ ရက်နေ့ကို ရွေးချယ်ခဲ့ကြကြောင်း ဘလော့ဂါက ပြောခဲ့သည်။
ဘလော့ဂါက “ ကျနော်တို့ ဆန္ဒ စပြတဲ့ ၂၅ ရက်နေ့ဟာ သမ္မတ မူဘာရက် နိဂုံးချုပ်ဖို့အတွက် အစပါပဲ။ မူဘာရက်နဲ့ သူ့အာဏာရှင်စနစ်ကို လူထုက ငြီးငွေ့နေပြီ။ မူဘာရက် မနေဖြန်ပြုတ်မကျသေးရင် သဘက်ခါ ပြုတ်ကျစေရမယ်။ နောက်တစ်ပတ် နေခွင့်မပေးတော့ဘူး” ဟု Al Jazeera ရုပ်သံကို ပြောခဲ့သည်။
အီဂျစ်နိုင်ငံမှာ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး အာရပ်နိုင်ငံဖြစ်ပြီး၊ အီဂျစ်နိုင်ငံ အပြောင်းအလဲက အခြား အာရပ်နိုင်ငံများ အပေါ် အကြီးအကျယ် ဂယက်ရိုက်နိုင်သည်။
http://www.maukkha.org/i






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment