13 June 2012

NGOများမှ ဘင်္ဂလီမူဆလင်များ ဖန်တီးသော ရခိုင်ပဋိပက္ခကို အစိုးရကိုင်တွယ်ပုံ ပျော့ညံ့


Written by မင်းသွီး    Wednesday,  


Thein Seinယခုလက်ရှိ ရခိုင်တွင် ဖြစ်ပေါ်နေသော ပြဿနာများသည် NGO အဖွဲ့အစည်းများတွင် လုပ်နေသော ဘင်္ဂလီမူဆလင်များက ဖန်တီးခြင်းဖြစ်ပြီး၊ အစိုးရ ကိုင်တွယ်ပုံ ပျော့ညံ့သောကြောင့် ပဋိပက္ခများ ပိုမိုကြီးထွားလာခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အစိုးရဟာ ဒီကိစ္စကို ငြိမ်းချမ်းသွားအောင်လုပ်ဖို့အတွက် ပုဒ်မ-၁၄၄ ထုတ်ထားတယ်၊ ဒါပေမယ့် အဲဒီ ပုဒ်မ-၁၄၄က တကယ့်ကို ထိရောက်မှုရှိနေတယ်ဆိုတာကို မတွေ့ရဘဲနဲ့ ဘင်္ဂလီမူဆလင်တွေ ဒီလောက်သောင်းကျန်းနေတာကို အရေးယူတဲ့အခါမှာ ပျော့ညံ့တယ်လို့ ကျနော်တို့မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘင်္ဂလီမူဆလင်တွေဟာ မြန်မာနိုင်ငံသားလည်းမဟုတ်ဘဲနဲ့ ကိုယ့်တိုင်းပြည်မှာ အေးအေးဆေးဆေး နေထိုင်ခွင့်ပေးထားတာကို အေးအေးဆေးဆေး မနေဘဲနဲ့ ဒေသခံတွေကို စော်ကားမော်ကားပြုလာတယ်၊ ဒေသခံတွေ နေထိုင်တဲ့ နယ်မြေတွေကို လုဖို့၊ နယ်မြေသိမ်းဖို့ ကြိုးစားလာတဲ့အခါမှာ ဒါကို နိုင်ငံတကာ ဥပဒေနဲ့ဘဲ ဖြစ်ဖြစ်၊ ပြည်တွင်း ဥပဒေနဲ့ဘဲ ဖြစ်ဖြစ် လုံးဝခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဘူး။ အဲဒါကို အစိုးရက ဘာကိုမှ မစိုးရိမ်ဘဲ ပြတ်ပြတ်သားသားဖြစ်အောင် လုပ်ရမယ်လို့ ကျနော်မြင်တယ်” ဟု RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက သူ့အမြင်ကို ပြောပြသည်။
292172 478930905455369 671073300 n
စစ်တွေတွင် ဒုက္ခသည်စခန်း ၃၄ခု၌ ဒုက္ခသည်ပေါင်း ၈၅၀၀ ခန့်ရှိပြီး နေ့စဉ် ဒုက္ခသည်များ ထပ်တိုးလျက်ရှိကြောင်း သိရှိရသည်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ တို့တွင် ဒုက္ခသည် စုစုပေါင်း သောင်းချီနေပြီ ဖြစ်ကြောင်း မြို့နယ်အလိုက် ထုတ်ပြန်လိုက်သော စာရင်းများအရ သိရှိရသည်။
ရခိုင်ပြည်အစိုးရအနေဖြင့် စစ်တွေရှိ ဒုက္ခသည်များကို တစ်စုံတစ်ရာ ရိက္ခာများ၊ ထောက်ပံ့ကြေးများပေးခြင်း မရှိသေးသော်လည်း စစ်တွေ ဒုက္ခသည်များအတွက် မြို့မိ၊ မြို့ဘများမှ တာဝန်ယူ လုပ်ဆောင်လျက်ရှိပြီး ဘူးသီးတောင်မြို့နှင့် မောင်တောမြို့တို့မှာ အရေးပေါ်အကူအညီအနေဖြင့် အစိုးရမှ ကျပ်ငွေ သိန်း ၂၀၀မှ ၃၀၀ ထိ အကုန်ကျခံ ကူညီ လုပ်ဆောင်နေကြောင်း သိရှိရသည်။


 


0 kommentarer:

Post a Comment