by Myit Makha Mediagroup on 14 Jun, 2012
မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ(၁၃)ရက်နေ့မှစ၍ အိမ်ခြေ ၁၀၀ နီးပါးခန့် ရေနစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။
မြစ်ကြီးနားမြို့ရှိ ဧဒင်၊ စံပြ၊ ထွယ်ဆန်၊ မြို့သစ်ကြီးကွက်သစ်နှင့် ဒူကထောင်လယ်ကွက်အိမ်ခြံများတွင် မိုးရေများ အိမ်တစ်ဝက်ကျော် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
“အိမ်ပေါ်က အောက်ဆင်းလိုက်တာနဲ့ရေက ခါးကျော်နေပြီ၊ ထမင်းတောင်မှ ကုန်းပေါ်အပြင်မှာဘဲ ချက်စား နေရတယ်။” ဟု အိမ်ရေနစ်နေသော မိသားစုတစ်ခုက ပြောသည်။
ဇွန်လ(၁၃) ရက်ညအချိန်တွင် မိုးဆက်တိုက်ရွာခြင်းကြောင့် ရေတက်လာခဲ့ခြင်းဖြစ်သည်။
“ရေက ည(၁၀)နာရီလောက်မှာ အိမ်ထဲဝင်လာတယ်၊ တစ်ညလုံးပစ္စည်းတွေ သိမ်းရပြီး မအိပ်ခဲ့ရဘူး။” ဟု ရေနစ်အိမ်ထောင်စုတစ်စုမှ အမျိုးသမီးတစ်ဦးက ပြောသည်။
လတ်တလောတွင် ရေကျသွားခြင်းမရှိသဖြင့် အိမ်အပြင်သို့ ၀ါးဖောင်များပြုလုပ်ကာ သွားလာနေရကြောင်း ကိုလည်း တွေ့ရှိ ရသည်။ ရေကြီးနေခြင်းကြောင့် အစိုးရမူကြိုကျောင်းမှာ ယနေ့မှ ခေတ္တ ပိတ်ထားလိုက်ကြောင်း သိရသည်။
မြစ်ကြီးနားမိုးရေချိန် ဇွန်လ (၁၃)ရက်နေ့တွင် ၀.၈၀mm(3.15inches)ရှိပြီး ဇွန်လ (၁၄)ရက်နေ့တွင်မူ 245mm (9.64inches) ထိရောက်ရှိသွားကြောင်းကို မြစ်ကြီးနားလေကြောင်းမိုးလေ၀သခန့်မှန်းရေးရုံးက သိရသည်။ ထို့အတူ ၀ိုင်းမော်မြို့တွင် ဇွန်လ (၁၄)ရက် မိုးရေချိန် 13.02inches ထိရှိနိုင်ကြောင်း သိရှိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment