KNG

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်ဒေသတွင် ဖေဖော်ဝါရီ ၁၆ ရက် ကြာသပသေးနေ့တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်းသစ် ကြား တိုက်ပွဲ၌ အစိုးရစစ်သားတဦး ကျဆုံးကြောင်း ဒေသဆိုင်ရာ KIA အရာရှိများဆိုသည်။
နှစ်ဖက်ကြား ၄ နာရီကြာ တိုက်ပွဲအပြီး ထိုအစိုးရစစ်သား ရုပ်အလောင်းနှင့် ၎င်း၏သေနတ်ကို KIA တပ်ရင်း ၃၄ က သိမ်းဆည်းရမိသည်ဟု ရှမ်းမြောက် KIA အရာရှိတဦး ကချင်သတင်းဌာနသို့ အတည်ပြုသည်။
KIA တပ်မဟာ ၄ အောက် ၎င်းတပ်ရင်းသစ်သည် ပြီးခဲ့သည့် ဇန်န၀ါရီလ အစောပိုင်းတွင် ဖွဲ့စည်းပါသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၇ ရက် သောကြာနေ့တွင်လည်း နမ္မတူမြို့နယ် နမ်လက်ဘွမ်တောင်တွင် KIA တပ်ရင်း ၈ နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ၎င်းတပ်ရင်းမှ သိရသည်။ သို့သော် ယင်းတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု သတင်းမသိရပါ။
KIA တပ်ရင်း ၈ အား ၎င်းအခြေစိုက်ထားသည့် နမ္မတူ၊ ကွက်ခိုင်၊ မန်တုန်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်များမှ မောင်းထုတ်ရန် အစိုးရက ရည်ရွယ်ထိုးစစ်ဆင်နေသော်လည်း တပ်ရင်း ၈ က ၎င်းတို့ဆုံးရှူံးသွားသော နယ်မြေအချို့ကို လတ်တလော ပြန်လည်ရရှိထားသည်ဟု ရှေ့တန်းမှ တပ်ရင်း ၈ အရာရှိများပြောသည်။
ရွှေ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် နမ္မတူမြို့မှ မူဆယ်မြို့သို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေကိုဖြတ်သန်း၍ ဖောက်လုပ်သွယ်သန်းနေပါသည်။ ရခိုင်ကမ်းခြေမှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ထိုပိုက်လိုင်း ဖောက်လုပ်ပြီးစီးလျှင် မြန်မာအစိုးရက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကျိုးအမြတ် ရရှိမည်ဖြစ်သည်။
မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် KIO ကိုယ်စားလှယ်များပြီးခဲ့သည့် ရက်သတ္တပတ်တွင် တွေ့ဆုံရန်ရှိသော်လည်း ဆွေးနွေးပွဲကျင်းပရန်နေရာ အငြင်းပွားမှုကြောင့် တွေ့ဆုံပွဲ ဖြစ်မြောက်ခြင်း မရှိခဲ့ပါ။ ယခင်က နောက်ဆုံးနှစ်ကြိမ် ဆက်တိုက် တွေ့ဆုံခဲ့သည့် တရုတ်နိုင်ငံတွင် ထပ်မံတွေ့ဆုံရန် မြန်မာအစိုးရ ကိုယ်စားလှယ်များက ငြင်းဆန်သည်ဟု KIO က ဆိုသည်။

ရှမ်းမြောက်တွင် မြန်မာအစိုးရ ထိုးစစ်ကို ခုခံနေသော ကချင်တပ်များ။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment