21 January 2012
ထိရောက်မှုမရှိသော နိုင်ငံတော်သမ္မတဦးသိန်းစိန်၏အမိန့်
ယမန်နေ့ ဇန်န၀ါရီလ (၁၉) ရက်တွင် မြန်မာ-တရုတ် ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းဖြတ်သန်းရာ ရှမ်းပြည်မြောက်ပိုင်း၌ KIA နှင့် မြန်မာအစိုးရတပ်ကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
နမ့်တူ-မံတုံ-ကွတ်ခိုင် ရွှေပိုက်လိုင်းလမ်းကြောင်းရှိ KIA တပ်ရင်း (၈) သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရသည်ဟု ပြောသည်။
သုံးနာရီကြာ မြန်မာအစိုးရတပ်က လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်သော်လည်း KIA တပ်ရင်း (၈) မံတုံစခန်းမှ ဆုတ်ခွာပေးရခြင်းမရှိဟု KIA အရာရှိများပြောသည်။
ရခိုင်ကမ်းခြေမှ တရုတ်ပြည် ကူမင်းသို့ဦးတည်မည့် ထိုရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် KIA နယ်မြေများကို ဖြတ်ကျော်သွားမည်ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် မူလလျာထားသည့် လမ်းကြောင်းမှ ပြောင်းလဲရန် သီပေါမြို့တွင် မြောက်ဘက်သို့ ၉၀ ဒီဂရီ ရွှေ့ပြောင်းလိုက်ရာ ထိုပိုက်လိုင်းသည် မြောက်ဘက် KIA နယ်မြေများသို့ ဦးတည်လာသည်။
ယခင်လမ်းကြောင်းမှာ သီပေါမြို့အရှေ့ဘက်မှတဆင့် လာရှိုးမြို့ကိုဖြတ်သန်း၍ မြောက်ဘက် တရုတ်ပြည် ကူမင်းသို့ ဦးတည်၍ ထိုလမ်းကြောင်းတစ်လျှောက် KIA နယ်မြေ အနည်းငယ်သာပါဝင်သည်။
သဘောတူညီချက် မရရှိသေးသည့် ဆွေးနွေးပွဲ
တိုက်ပွဲဆက်နေချိန် ထိုနေ့၌ တရုတ်နိုင်ငံ ရွှေလီမြို့တွင် မြန်မာအစိုးရနှင့် KIO နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန် ၂ ရက်ကြာတွေ့ဆုံမှုအပြီး တစုံတရာ သဘောတူညီချက်မရရှိဘဲ စစ်ရေး၊ နိုင်ငံရေး ဆက်လက်ညှိနှိုင်းသွားမည်ဟု အကျဉ်းချုံး ဖော်ပြထားသည်။
ထိရောက်မှုမဲ့ ဦးသိန်းစိန်၏ အမိန့်
လွန်ခဲ့သည့်လ ဒီဇင်ဘာလ ၁၀ ရက်နေ့နှင့် ပြီးခဲ့သည့်ရက်သတ္တပတ်က ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်က ထိုးစစ်ရပ်တန့်ကြောင်း နှစ်ကြိမ်တိုင်တိုင် ကြေညာခဲ့သည်။
သို့သော် မြန်မာအစိုးရတပ်က KIA နှင့် ကချင်ပြည်သူများအပေါ် ထိုးစစ်ဆင်နေဆဲဖြစ်သည်။ ဇန်န၀ါရီလ ၁၇ ရက်တွင် တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်ဆိုင်းကြောင်း ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီမှ သမ္မတ၏ညွှန်ကြားချက်ကို ပြင်သစ်သတင်းအေဂျင်စီ AFP ကို နေပြည်တော်၌ ရှင်းလင်းပြောဆိုခဲ့သေးသည်။
တမင်ရည်ရွယ်ခြင်းမဟုတ်ဘဲ အစိုးရတပ်သည် တစ်ဖက် ခုခံတိုက်ခိုက်သူများနှင့် ရင်ဆိုင်တွေ့ကြုံ နေရသဖြင့် တိုက်ပွဲများ ဆက်ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ရဲချုပ်ဟောင်း ၀န်ကြီးက AFP သို့ ရှင်းလင်းပြောဆိုသည်။
“အောက်ခြေအဆင့်မှာ တာဝန်အရ ကင်းလှည့်အတဲ့အချိန် မမျှော်လင့်ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆုံတွေ့ကြတော့ ပစ်ခတ်ကြတာဖြစ်တယ်။ တခါတလကျတော့ အမိန့်(မပစ်နဲ့)တွေက အောက်ခြေအဆင့်ကို မရောက်နိုင်ဘူး” ဟု ဦးခင်ရီက AFP ကိုပြောသည်။
ရံဖန်ရံခါသာ ဖြစ်ပွားသည့် မမျှော်လင့်ဘဲဖြစ်ပွားရသည့်တိုက်ပွဲများသာဖြစ်သည်ဟု ၀န်ကြီးက ဆိုထားသည်။
ယမန်နေ့ ရှမ်းပြည်မြောက်ပိုင်းရှိ KIA ကိုတိုက်ခိုက်ရာ၌ ထိုသို့ လက်နက်ကြီးများအသုံးပြုပစ်ခတ်ရန် အတွက် မြန်မာအစိုးရတပ်ဗဟိုဌာနချုပ်မှ ခွင့်ပြုရသည်ဟု စစ်ရေးကျွမ်းကျင်သူများကပြောသည်။
သမ္မတဦးသိန်စိန်၏ ထိုးစစ်ရပ်တန့်ရန်ညွှန်ကြားချက်သည် နိုင်ငံတကာတွင် မျက်နှာပန်းလှစေရန် သာဖြစ်ပြီး ထိရောက်မှုမရှိသည်ကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။
KIO လိုင်ဇာဌာနချုပ်ကို မြန်မာအစိုးရတပ် ၀န်းရံနေဆဲ
ရွှေလီတွေ့ဆုံပွဲ မ စတင်ခင် ဇန်န၀ါရီလ ၁၇ ရက် အင်္ဂါနေ့တွင် မြန်မာအစိုးရတပ် လက်နက်ကြီးများနှင့် သံချပ်ကာကားများ လိုင်ဇာဘက်သို့ ဦးတည်လာကြသည်။ ၎င်းတို့သည် လိုင်ဇာမှ မိုင် ၃၀ အကွာခန့်ရှိ ဂါးရာယန်တွင် စခန်းချနေကြသည်ဟု ၎င်းဒေသရှိ မျက်မြင်များပြောသည်။
ဇန်န၀ါရီလ ၁၅ ရက်တွင်လည်း စစ်ကား ၂၅ စီးပါမြန်မာအစိုးရစစ်ကြောင်းသည် လိုင်ဇာမှ ၁၀ မိုင်အကွာ ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသည်ဟု စစ်ရေးစောင့်ကြည့်သူများပြောသည်။
ထို့အပြင် ကချင်ပြည်နယ်အနောက်ဘက် KIA တပ်မဟာ ၂ ဌာနချုပ်တည်ရှိရာ ဟူးကောင်းဒေသ တနိုင်းဘက်သို့လည်း ဇန်န၀ါရီလ ၁၆ ရက်တွင် ကားအစီး ၄၀ ပါ မြန်မာအစိုးရစစ်ကြောင်း တစ်ခု ချီတက်သွားကြသည်ဟု မျက်မြင်များက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့်ရင်ဆိုင်ရာတွင် တပ်ရင်း ၁၆၀ ခန့် အသုံးပြုနေသည်ဟု KIO တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ လာနန် သုံးသပ်သည်။
Etiketter: news
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment