w81_12.jpgအိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ရှိ နာမည်ကြီးပုဂ္ဂလိက အထူးကုဆေးရုံတစ်ခုတွင် ဒီဇင်ဘာလ ၉ ရက်က မီးလောင်မှုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ လူနာများဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ရေးလုပ်သားများမှာ မီးခိုးများဖြင့်ပြည့်နေသော အဆောက်အဦထဲတွင် အသက်ရှင်သူများကို ကယ်ဆယ်ရာတွင် အခက်အခဲဖြစ်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးစတင်လောင်ချိန်တွင် ဆေးရုံဝန်ထမ်းများသည် လူနာများကို ထားပစ်ခဲ့ကာ ထွက်ပြေးသွားခဲ့သည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ပြီး ယင်းကိစ္စအပေါ် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု အနောက်ဘင်ဂေါ ပြည်နယ်ဝန်ကြီးချုပ် မာမာတာဘာနာဂျီက မီးလောင်သော ဆေးရုံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။ အမ်ရီဆေးရုံ မြေအောက်ထပ်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး မီးခိုးလုံးကြီးမှာ ဆေးရုံတစ်ခုလုံးသို့ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်သည့် အကြောင်းအရင်းကို မသိရသေးဘဲ သေဆုံးသူအများစုမှာ မီးခိုးမွှန်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဘာနာဂျီက ပြောကြားခဲ့သည်။ ငါးထပ်ရှိသော ယင်းဆေးရုံမှာ ခုတင် ၁၉၀ ဆံ့ဆေးရုံဖြစ်ပြီး မီးလောင်သည့်အချိန်တွင် လူနာ ၁၆၀ ခန့် ရှိနေခဲ့သည်။
မေလ်ထဲမှာလာသောသတင်း






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment