Popular News
အင်္ဂလန်နိုင်ငံ Huddersfield ဒေသတွင် အရှင်လတ်လတ် စက္ကူသေတ္တာ အတွင်း ထည့်သွင်း၍ မြေမြှုပ် အသတ် ခံခဲ့ရသည့် အမျိုးသမီး တစ်ဦးသည် မိမိ၏ မင်္ဂလာ လက်ဆောင် စိန်လက်စွပ်ကို အသုံးပြု၍ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းများက ထုတ်ဖော် ရေးသားခဲ့ကြသည်။ Mechelina Lewandowska (အသက် ၂၇ နှစ်)သည် ၂၀၁၁ မေလ ၂၈ ရက်နေ့တွင် သစ်တောအတွင်း မြေမြှုပ်ခံထား ရရာမှ လွတ်မြောက်စေရန် ဘုရား ဝတ်ပြု ဆုတောင်းနေခဲ့ရသည်။
ထို့အပြင် တရားသူကြီးအား ပြောပြ ချက်အရ သူမသည်Taser Stun Gun မေ့ဆေးသေနတ်ဖြင့် လျှပ်စစ် ရှော့ခ်ရိုက်လျက် တိုက်ခိုက်ခံခဲ့ရ သည်။ တိုက်ခိုက်သူမှာ သူမ၏အမျိုး သား အသက် ၂၅ နှစ်ရှိMarcin Kaspizak ဆိုသူ ဖြစ်သည်။ ၄င်း အမှုမှာ မိမိနှင့်မပတ်သက်ကြောင်းMarcin Kaspizakက ငြင်းဆိုခဲ့သည်။ Lewandawska က မိမိသည် ဗို့အား ၃ သိန်းရှိသည့် မေ့ဆေး သေနတ်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သူမ၏အသက် ၃ နှစ်အရွယ်ရှိ သားငယ်နှင့်အတူ စက္ကူကတ်ထူ ခေါင်းကြီးထဲထည့်၍ မြေမြှုပ်ခံခဲ့ ရကြောင်း တရားသူကြီးများအား ပြောပြခဲ့သည်။
မိမိအား မလှုပ်ရှား နိုင်ရန် တိပ်ကြိုးများဖြင့် တုပ်နှောင် ထားခဲ့ပြီး သူမ၏ ခင်ပွန်းက သူမကု မုန်းကြောင်းအမြဲပြောနေတတ်သည် ဟု ထွက်ဆိုခဲ့သည်။ မိမိ သတိရလာသောအခါ စက္ကူကတ်ထူခေါင်းအပေါ်သို့ မြေခဲများ ဖြိုချ၍ မြှုပ်နှံနေသော အသံများကိုကြားနေပြီး သူမ ဝတ် ဆင်ထားသော စိန်လက်စွပ်ကို သတိရပြီး ချွတ်လိုက်ကာ ခြေ ထောက်တွင်ချည်နှောင်ထားသော တိတ်ကြိုးများကို ဖြတ်တောက်နိုင်ခဲ့ သည်။
ထို့အပြင်အပေါက်တစ်ပေါက် ဖောက်၍ မြေကြီးများအကြားမှ လက်တစ်ချောင်းကို အပြင်သို့ထုတ် နိုင်ခဲ့ပြီး အနီးရှိဘီယာဆိုင်မှ ဂီတသံ များပင်ကြားနေခဲ့ပြီး အနီးရှိလမ်းမ သို့ထွက်ကာ ကားတစ်စီးကို တား ကာ အကူအညီတောင်းခဲ့ရကြောင်း တရားသူကြီးများအား ထွက်ဆိုသွား ခဲ့သည်။
17 December 2011
အရှင်လတ်လတ် မြေမြှုပ်ခံရသူ အမျိုးသမီး တစ်ဦး ပြန်လည် လွတ်မြောက်လာ
Etiketter: news
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment