17 December 2011

ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးက ဇနီးဖြစ်သူ၏ လက်ချောင်းများကိုဖြတ်ပစ်

BBC


ရဲများက အသက်(၃၀)အရွယ် ရာဖီကယ်လ် အစ္စလာမ်သည် ဇနီးဖြစ်သူက ၎င်း၏ ခွင့်ပြုချက် မရဘဲ အထက်တန်း ပညာရေးကို သင်ယူရန် ကြိုးပမ်းသည့်အတွက် ဒဏ်ပေးသည့် အနေနှင့် ညာဘက်လက်မှ လက်ချောင်းများကို ဖြတ်ပစ်ခဲ့ခြင်းဟု ပြောကြား
ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးက ဇနီးဖြစ်သူ၏ လက်ချောင်းများကိုဖြတ်ပစ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမျိုးသားတစ်ဦး၏ ဇနီးဖြစ်သူ၏ လက်ချောင်းများကို ဖြတ်ပစ်ခဲ့ခြင်းအတွက် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်မှုများ ပြလုပ်ခဲ့သည်။ ရဲများက အသက်(၃၀)အရွယ် ရာဖီကယ်လ် အစ္စလာမ်သည် ဇနီးဖြစ်သူက ၎င်း၏ ခွင့်ပြုချက် မရဘဲ အထက်တန်း ပညာရေးကို သင်ယူရန် ကြိုးပမ်းသည့်အတွက် ဒဏ်ပေးသည့် အနေနှင့် ညာဘက်လက်မှ လက်ချောင်းများကို ဖြတ်ပစ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်သူ အစ္စလာမ်က ၎င်းသည် အသက်(၂၁)နှစ်သာ ရှိသေးသည့် ဇနီးအပေါ် ရက်စက်စွာ ပြုမူမိခဲ့ကြောင်း ရဲများထံ ထွက်ဆို ၀န်ခံခဲ့သည်။ ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက ယခုဖြစ်စဉ်သည် အမျိုးသမီးများ ပညာသင်ယူမှုအပေါ် အကြမ်းဖက် တုံ့ပြန်ခဲ့သည့် ကိစ္စများအနက် တစ်ခုသာ ရှိသေးကြောင်းလည်း ဖော်ပြခဲ့သည်။ ယခုလ အစောပိုင်းက အစ္စလာမ်သည် ဇနီးဖြစ်သူ ဟာဝါအက်သာဂျူ၏ ပါးစပ်ကို တိပ်ဖြင့်ပတ်ကာ ညာလက်မှ လက်ချောင်း(၅)ချောင်းလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။

ဆရာဝန်များက သူမ၏ လက်ချောင်းများကို ပြန်ဆက်ပေးရန် မဖြစ်နိုင်တော့ဟု ၀န်ခံလိုက်သည့်နောက် သနားစရာ အမျိုးသမီးခမျာ ဒုက္ခိတ ဘ၀ဖြင့် ရာသက်ပန် ရှင်သန်ရတော့မည် ဖြစ်သည်။ အစ္စလာမ်သည် ပင်လယ်ကွေ့ ဒေသသို့ သွားရောက် အလုပ်လုပ်နေပြီး နေရပ်ပြန်ရောက်လာချိန်တွင် ဇနီးဖြစ်သူ ပညာသင်ကြားနေမှန်း သိရှိပြီးနောက် ယခုလို ဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။



(လက်ချောင်းများ ဖြတ်တောက်ခံရသည့် အက်သာဂျူ)

နာဆင်ဒီတွင် နေထိုင်သည့် အက်သာဂျူက “သူပြန်လာတော့ ကျွန်မ ပညာသင်နေတာ သိသွားတယ်။ ဒီကိစ္စ ဆွေးနွေးမယ်လို့ ပြောပါတယ်။ နောက်တော့ ကျွန်မ မျက်လုံးကို အ၀တ်စည်းလိုက်တယ်။ လက်တွေကိုလည်း ကြိုးနဲ့တုပ်ပြီး ပါးစပ်ကိုလည်း တိပ်နဲ့ကပ်ထားတယ်။ သူက ကျွန်မအတွက် စိတ်လှုပ်ရှားစရာ လက်ဆောင်တစ်ခု ပေးမယ်လို့ ပြောပါတယ်။ တကယ်တော့ ကျွန်မလက်ချောင်းတွေကို ဖြတ်ပစ်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။ သူမ၏ ခင်ပွန်းသည် ပညာတတ်တစ်ဦး မဟုတ်သလို သူမအနေနှင့် အဆင့်မြင့် ပညာများ သင်ယူတတ်မြောက်ခြင်းကို လုံးဝ လက်ခံခွင့်ပြုခြင်း မရှိကြောင်းလည်း အက်သာဂျူက ဖွင့်ဟ ပြောဆိုသွားသည်။

0 kommentarer:

Post a Comment