08 Dec 2011
KNG

နိုဝင်ဘာ ၁၅ရက် မြန်မာအစိုးရမှ သိမ်းပိုက်လိုက်သည့် ကန်ပိုင်တီလမ်းမှ KIA တပ်ရင်း၃ လဖိုင်စခန်း
KIA တပ်မဟာ ၅ အောက် KIA တပ်ရင်း ၃ အခြေစိုက်စခန်း ၀ူထောဘမ်သည် မြစ်ကြီးနား-ကန်ပိုင်တီလမ်းနှင့် ဒဘတ်ချောင်း (Dabak Hka)ကြားတွင် တည်ရှိသည်။
ကျဆုံးသူများထဲမှ ၁၀၀ ကျော်သည် ယမန်နေ့ တစ်နေ့လုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်ဖြစ်၍ ကလောအခြေစိုက် တပ်မ ၅၅ မှ အသစ်ရောက်လာကြသော မြန်မာအစိုးရတပ်သားသစ်များ ဖြစ်သည်ဟု ဒေသခံ ဆလန်တူး ပြောသည်။

ထိုနေ့မတိုင်ခင်က ကျဆုံးသွားသော မြန်မာအစိုးရစစ်သား ၂၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ ကျော်မှာ မကွေးအခြေစိုက် တပ်မ ၈၈ မှ ဖြစ်သည်ဟု ဆက်ဆိုသည်။
ထို့ပြင် သေဆုံးသူများတွင် မြန်မာအစိုးရသစ္စာခံ အမျိုးသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်နှင့် လဆန်အောင်ဝါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ဒေသခံများနှင့် KIA အရာရှိများပြောသည်။
မိမိနယ်မြေထဲ ချီတက်လာသောမြန်မာအစိုးရတပ်အား ပြောက်ကျားနည်းဖြင့်တိုက်ခိုက်၍ KIA ဘက်မှ သေကြေဒဏ်ရာရရှိမှု မရှိဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ မြန်မာအစိုးရနှင့် KIO ကြား ၂ ကြိမ် တွေ့ဆုံခဲ့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရသည် မြန်မာအစိုးရတပ်အင်အား ထောင်ချီကို ကချင်ပြည်နယ်သို့ စေလွှတ်၍ စစ်ဆင်နေဆဲဖြစ်သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment