က ရှမ်းပြည်နယမှ ကလေး ၁၆ ဦးခန့်အား တဘက်နိုင်ငံသို့ ရောင်းစားခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု့
တားဆီး နှိမ်နှင်းရေးအဖွဲ့မှ တာဝန်ရှိသူတဦးက 7Day News သို့ ပြောကြားခဲ့သည်။
၂၀၀၉ ခုနှစ် အတွင်းက မြန်မာနိုင်ငံအခြေစိုက် Save the Children NGO အဖွဲ့မှ နိုင်ငံခြားသား ဝန်ထမ်းတဦး
သည် ၄င်းတို့အဖွဲ့တာဝန်ကျသည့် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နှင့် အနီးတဝိုက်မှ လူငယ် ၁၆ ဦးခန့်အား မူဆယ်မြို့
မှတဆင့် တဘက်နိုင်ငံသို့ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ လူငယ်အများစုမှာ ၁၈ နှစ်အောက် ကလေးများသာဖြစ်
ကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ယင်းပြစ်မှု့မှ တရာခံ သြစတေးလျ နိုင်ငံသား ဝန်ထမ်းအား လူကုန်ကူးမှု့ ဥပဒေပုဒ်မ(၂) ခုဖြင့်
အရေးယူဆောင်ရွက်ခဲ့ပြီး ၄င်း၏နိုင်ငံသို့ ၂၀၁၀ ပြည်နှစ်အတွင်းက လွှဲပြောင်း ပေးအပ်လိုက်ပြီဖြစ်ကြောင်း
မြန်မာနိုင်ငံ လူကုန်ကူးမှု့ တားဆီးနှိမ်နှင်းရေးအဖွဲ့မှ ရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။
နေလင်းအောင်
7DAY NEWS JOURNAL







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment