ဤတွေ့ဆုံခြင်းမှာ ၂၃ နှစ်အတွင်း အမေရိကန် အစိုးရ အဆင့်မြင့် ကိုယ်စားလှယ် တဦးက မြန်မာ ကာ/ချုပ်အား ပထမဆုံးအကြိမ် လာရောက် တွေ့ဆုံခြင်းဖြစ်သည်။
နေပြည်တော်၌ နိုဝင်္ဘာ ၃ ရက်နေ့က တွေ့ဆုံစဉ် “နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန်” ဆွေးနွေးခဲ့ ကြကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြပါရှိခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေး ပျော့ပြောင်းလာသည်နှင့် အမျှ အမေရိကန်၏ လူသားချင်း စာနာသည့် အကူအညီများ
ပေးလာပြီးနောက် ယခုကဲ့သို့ စစ်ရေးကူညီမှုများ ပြုလုပ်ရန် စတင်လာသည့် အပေါ် သြစတြေးလျ အခြေစိုက်
မြန်မာစစ်ရေးအကဲခတ် ဦးဌေးအောင်အား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ အမေရိကန် အစိုးရကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲလ်နဲ့ ကာ/ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့
တွေ့တယ်ဆိုတာ ဘာအဓိပ္ပါယ်ဆောင်တယ်လို့ ပြောနိုင်မလဲ ခင်ဗျ။
ဖြေ။ ။ အစိုးရချင်း သမ္မတနဲ့ တွေ့ပြီး ဆွေးနွေးနေပြီဆိုရင် ပြီးတာပဲ။ ဒါပေမယ့် (ကာ/ချုပ်) မင်းအောင်လှိုင်ကို လည်း တွေ့ပြလိုက်တာက အမေရိကန် တပ်မတော်က ဗမာ့တပ်မတော် အပေါ်မှာလည်း အမြင်တွေ ပျော့ပြောင်း လာပြီး လက်ကမ်းမှု လုပ်လာတယ် ဆိုတာမျိုးကို မက်ဆေ့ခ်ျ ပေးချင်တဲ့ သဘောဖြစ်မယ်။
မေး။ ။ ၈၈ အရေးအခင်း မတိုင်ခင်တုန်းက အမေရိကန်နဲ့ စစ်ရေးပူးပေါင်းမှုတွေ ရှိခဲ့တယ်မဟုတ်လားဗျ။
ဖြေ။ ။ စစ်အစိုးရလက်ထက် ၈၈ ခုနှစ်က စလို့ အမေရိကန်နဲ့ စစ်ရေးဆိုင်ရာ ဆက်သွယ်မှုတွေက အကုန်လုံး
ပြတ်တောက်ခဲ့တယ်။ အဲဒါ မတိုင်ခင်တုန်းက ဦးနေဝင်းရဲ့ မဆလ စစ်အာဏာရှင် လက်ထက်မှာတောင် မူးယစ်ဆေးဝါး နှိမ်နင်းမှုကို အကြောင်းပြပြီးတော့ အမေရိကန်နဲ့ဗမာ စစ်တပ်အကြားမှာ ဆက်ဆံမှုတွေ နီးနီးကပ်ကပ် ရှိခဲ့တာတွေ အများကြီးရှိတယ်။ အမေရိကန်စစ်တက္ကသိုလ်တွေ သွားပြီးတော့ စစ်ဦးစီးသင်တန်း တက်ခဲ့တဲ့ ဗမာ့တပ်မတော် အရာရှိကြီးတွေ အများကြီးရှိတယ်။ ထောက်လှမ်းရေး သင်တန်းတွေ တက်တာမျိုးတို့၊ အမေရိကန် ကုမ္ပဏီတွေကနေ စစ်လက်နက် ပစ္စည်းတွေ ဝယ်တာတို့ပေါ့။ အစစအရာရာပေါ့ဗျာ။ တကယ်ပြောမယ် ဆိုရင် မြန်မာစစ်ဗိုလ်ချုပ်တွေကြားထဲမှာ အနောက်နိုင်ငံတွေကို အထင်ကြီးတဲ့စိတ်၊ အထူးသဖြင့် အမေရိကန်ကို အထင်ကြီးတဲ့စိတ်က အစကတည်းက ရှိတယ်။ စစ်ပစ္စည်းမှာဆို အမေရိကန်ပစ္စည်းမှ သုံးချင်တာမျိုး၊ နောက်အဆုံး ရုပ်ရှင်ကြည့်တာတောင် အမေရိကန်ကားကိုမှ ကြည့်ချင်တာမျိုး။
တရုတ်အပေါ် ပုံပြီးအားကိုးနေရတဲ့ အချိန်မှာ တရုတ်ကလည်း
တရုတ်အပေါ် ပုံပြီးအားကိုးနေရတဲ့ အချိန်မှာ တရုတ်ကလည်း သူတို့အပေါ်မှာ မီးစတဖက်၊ ရေမှုတ်တဖက် လုပ်နေ တာတွေ တွေ့ရတယ်။ သူတို့ကို လက်နက်တွေ ရောင်းတယ်၊ အလား တူပဲ အပစ်အခတ် ရပ်စဲရေး တချို့အဖွဲ့တွေကို လက်နက်စက်ရုံတွေ ပေးထားတာမျိုး။ ကိုးကန့် အရေးအခင်း ဖြစ်ကတည်းကိုက တရုတ်နဲ့ နအဖနဲ့ တပ်ချင်း ဆက်ဆံရေးမှာ အဖုအထစ် လေးတွေ တင်းမာလာခဲ့တဲ့ သဘောတွေ့ရ တယ် |
တွေ့ရတယ်။ သူတို့ကို လက်နက်တွေ ရောင်းတယ်၊ အလားတူ
ပဲ အပစ်အခတ် ရပ်စဲရေး တချို့အဖွဲ့တွေကို လက်နက်စက်ရုံ
တွေ ပေးထားတာမျိုး။ ကိုးကန့် အရေးအခင်း ဖြစ်ကတည်းကို
က တရုတ်နဲ့ နအဖနဲ့ တပ်ချင်း ဆက်ဆံရေးမှာ အဖုအထစ်
လေးတွေ တင်းမာလာခဲ့တဲ့သဘော တွေ့ရတယ်။
အခု ဝတို့၊ မိုင်းလားတို့ကို ကြံ့ဖွံ့အစိုးရက အများကြီး အလျှော့
ပေးနေရတာဟာ နောက်က တရုတ်နိုင်ငံရဲ့ အရှိန် သက်
ရောက်မှု ပါ။ ဗမာ့တပ်မတော် စစ်ခေါင်းဆောင်တွေ ကိုယ်၌က တရုတ်နဲ့ ရေရှည် ပေါင်းလာရင် ပြဿနာတွေ ရှိလာမယ် ဆိုတာကို တဖြည်းဖြည်း သဘောပေါက်လာတော့ အမေရိကန်ကို မျက်စပစ်နေတာ။ အဲဒါကြောင့် မလွှဲမရှောင်သာ
ဒေါ်အောင်ဆန်းစုကြည်ကို ပေါင်းရတဲ့သဘော ဖြစ်တာပေါ့။
မေး။ ။ အမေရိကန်ကို မျက်စပစ်နေတာ ကြာပြီဆိုတော့ ဘယ်ကာလလောက်ကစပြီး သတိထားမိလဲဗျ။
ဖြေ။ ။ နဝတ၊ နအဖ လက်ထက်ကတည်းက မူးယစ်ဆေးဝါး အကြောင်းပြပြီး ကြိုးစားခဲ့တာလည်းရှိတယ်။ နောက်
မြန်မာပြည်မြောက်ဖျားမှာ ဒုတိယကမ္ဘာစစ်တုန်းက ပျက်ကျသွားခဲ့တဲ့ အမေရိကန် လေယာဉ်ပျံကြီးတွေကို တကူးတက ရှာပြီးတော့ အမေရိကန်ကို ပြန်ပေးတာမျိုး။ မျက်နှာချိုသွေးရတာတွေ လုပ်နေတာ ကြာပြီဗျ။ အခု အခွင့်အလမ်းတွေ သာသွားတော့ တမင်လမ်းဖွင့်ပေးလိုက်တဲ့အပေါ်မှာ အမေရိကန်ကို လုံးလုံးကြီး ချဉ်းကပ်သွားတဲ့ သဘောပေါ့။
မြစ်ဆုံဆည်ကြီး ပိတ်လိုက်တာကလည်း ပြည်သူ့စကားကို
အခု တရုတ်ကနေ ဝယ်ထားတဲ့ ရေတပ်သုံး လေယာဉ်တို့၊ စစ်သင်္ဘောတို့က အမေရိကန်က ထိုင်းကိုပေး ထားတဲ့ လက်နက်တွေနဲ့တောင် လုံးဝ မယှဉ်နိုင်ဘူး။ ဒါကိုလည်း ဗမာ့တပ်မ တော် ခေါင်းဆောင်တွေက သိတယ်။ နောက် ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် အမေရိကန် ဆီက လက်နက်တွေ ဝယ်မယ်၊ နည်းပညာတွေ ယူမယ်၊ စစ်သင်တန်းတွေဆိုလည်း အမေရိကန် ကိုပဲ သွားတက်မှာပေါ့။ သူတို့က အဲဒါကို လုပ် ချင်နေတာလည်း ကြာပြီလေ။ သူတို့ဘက်က ပြန်ပေးရမှာက မူးယစ်ဆေးဝါး ကိစ္စပေါ့။ သူတို့ နဲ့ အမေရိကန်နဲ့ အဆင်ပြေရင်တော့ ‘ဝ’က တော့ သိပ်ချောင် မယ်မထင်ဘူး။ တချိန်ချိန် တွယ်မှာပဲ |
ပေါ့။ တဖက်ကို ပြန်ကပ်လို့ရနိုင်တဲ့ အလားအလာရှိနေတော့ ခွါလို့ရတာကို ပြတာပေါ့။
မေး။ ။ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး
ဆိုတာမှာ ဘယ်လိုကိစ္စရပ်မျိုးတွေ လုပ်လာနိုင်မယ်လို့
မျှော်လင့်ရလဲဗျ။
ဖြေ။ ။ အခု တရုတ်ကနေ ဝယ်ထားတဲ့ ရေတပ်သုံး
လေယာဉ်တို့၊ စစ်သင်္ဘောတို့က အမေရိကန်က ထိုင်းကို
ပေး ထားတဲ့ လက်နက်တွေနဲ့တောင် လုံးဝ မယှဉ်နိုင်ဘူး။ ဒါကိုလည်း ဗမာ့ တပ်မတော် ခေါင်းဆောင်တွေက သိတယ်။
နောက် ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် အမေရိကန်ဆီက လက်နက်တွေ ဝယ်မယ်၊ နည်းပညာတွေ ယူမယ်၊ စစ်
သင်တန်းတွေ ဆိုလည်း အမေရိကန်ကိုပဲ သွားတက်မှာ
ပေါ့။ သူတို့က အဲဒါကို လုပ်ချင် နေတာလည်း ကြာပြီလေ။ သူတို့ဘက်က ပြန်ပေးရမှာက မူးယစ်ဆေးဝါး ကိစ္စပေါ့။ သူတို့နဲ့ အမေရိကန်နဲ့ အဆင်ပြေ ရင်တော့ ‘ဝ’ကတော့ သိပ်ချောင် မယ်မထင်ဘူး။ တချိန်ချိန် တွယ်မှာပဲ။
မေး။ ။ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေရော ဒေသတွင်းမှာ ရှိလာနိုင်မလား။
ဖြေ။ ။ ရှိလာနိုင်ပါတယ်။ နာဂစ် ဖြစ်တုန်းကလည်း အမေရိကန်ရေတပ်က ကမ်းလှမ်းခဲ့တာ သူတို့ လက်မခံခဲ့ဘူး
လေ။ နောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်လာမှာပါ။
မေး။ ။ ဒေသတွင်းမှာရော စိုးရိမ်မှုတွေ ရှိလာနိုင်မလား။
ဖြေ။ ။မရှိနိုင်ပါဘူး။ ထိုင်းမှာလည်း နှစ်စဉ်နှစ်တိုင်း စစ်ရေး
အမေရိကန် ပိတ်ဆို့မှု မထိခိုက်ပါဘူးလို့ စစ်အစိုးရက အမြဲတမ်း အော်ခဲ့တယ်။ တကယ်တမ်းကျတော့ စိတ်ဓါတ်ရေး အရရော၊ စီးပွားရေးအရရော သူတို့ကို အများကြီးကို ထိခိုက်ပါတယ်။ အခုကျတော့ နည်းနည်း အနံ့ လေး ပေးလိုက်တာနဲ့ ကောက်ကောက်ပါ အောင်ပါသွားတာ။ ဒေါ်စုကို တွေ့ပြနေရတာ နောက်ကွယ်က အမေရိကန်ကို ချဉ်းကပ်ချင် တာ အဓိကပါ |
ဘင်္ဂလားဒေ့ရှ် မှာရော လုပ်နေတာပဲ။ သူ့နေရာနဲ့သူ လုပ်နေရင် ပြဿနာ မရှိနိုင်ပါဘူး။ သို့သော် ပြည်ပတပ်တွေ အခြေစိုက်ခွင့် မပေးဘူး၊ နျူကလီးယား လက်နက်တွေ မထားဘူးဆိုရင် ခြိမ်းခြောက် တယ်လို့ မဆိုလိုပါဘူး။
နောက်ပြီး အမေရိကန်နဲ့ ခုလို ဆက်ဆံရေး လုပ်တယ်
ဆိုပေမယ့် တရုတ်ကိုလည်း ဆက်ဆံရေး လုံးဖြတ်မှာ မဟုတ်ဘူးလေ။ ရင်းနှီးမြှုပ်နှံမတွေ ရှိနေတာပဲ။
တဖက်တည်းကို ပုံပြီး အားကိုးရရင် ရေရှည်မှာ ပြဿနာက
တော့ ရှိလာမှာပဲ။
မေး။ ။ ဒီလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် ဘယ်ကိစ္စတွေက အခက်အခဲကြုံစေနိုင်မလဲ။
ဖြေ။ ။ အမေရိကန်က အစိုးရအောက်မှာ တပ်မတော်က ဆောင်ရွက်ရတော့၊ အစိုးရကလည်း လူ့အခွင့်အရေး
ပေတံတွေနဲ့ လုပ်ဆောင်နေတဲ့အနေအထားဆိုတော့၊ တောင်းဆိုထားတဲ့အချက်တွေ အဆင်ပြေမှ လုပ်လာမယ့် သဘောရှိ ပါတယ်။ အစိုးရချင်း ဆက်ဆံရေး ပြေလည်လာမှ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်လို့ ရမှာ။
အမေရိကန်ပိတ်ဆို့မှု မထိခိုက်ပါဘူးလို့ စစ်အစိုးရက အမြဲတမ်း အော်ခဲ့တယ်။ တကယ်တမ်းကျတော့ စိတ်ဓါတ်ရေး အရရော၊ စီးပွားရေးအရရော သူတို့ကို အများကြီးကို ထိခိုက်ပါတယ်။ အခုကျတော့ နည်းနည်း အနံ့လေး ပေးလိုက် တာနဲ့ ကောက်ကောက်ပါအောင် ပါသွားတာ။ ဒေါ်စုကို တွေ့ပြနေရတာ နောက်ကွယ်က အမေရိကန်ကို ချဉ်းကပ်ချင်တာ အဓိကပါ။
မေး။ ။၂ဝဝ၉ တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဂျင်ဝဘ်နဲ့ တွေ့ခဲ့သေးတယ်။ (အဲဒီတုံးက) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ကာ/ချုပ်ဆိုတော့ အခု ကာ/ချုပ်နဲ့တွေ့တာ အမေရိကန်အနေနဲ့ ၈၈ နောက်ပိုင်းမှာ ဒုတိယအကြိမ်လို့ ပြောနိုင်မလား။
ဖြေ။ ။ ဂျင်ဝဘ်က ဆီနိတ်တာကိုး။ လွှတ်တော်ရေးရာကော်မတီမှာပဲ တာဝန်ရှိတယ်။ ဆီးနိတ်ကိုယ်စား အခြေအနေတွေ တီးခေါက်တာ။ အဖုအထစ်တွေ ကျော်လွှားဖို့ နည်းလမ်းလာရှာတဲ့သဘောပဲ။ အခု ဒဲရစ်မစ်ချဲလ် ကျတော့ အမေရိကန် အစိုးရကကို တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်လေ။ ဒီလူရဲ့ အစီရင်ခံချက်က နှစ်နိုင်ငံ ဆက်ဆံရေးမှာ အများကြီး အကျိုးသက်ရောက်မှာ။
0 kommentarer:
Post a Comment