“တွေ့ဆုံေ ဆွးနွေးဖြစ်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပစ်နေလို့တော့မ ဖြစ်ဘူးလေ။ အပစ်အခတ်ရပ်စဲရမယ်”
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးမှုက အရေးကြီးဆုံးဖြစ်
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ငြိမ်းချမ်းရေးရရှိရန်အတွက် အရေးအကြီးဆုံးနှင့် ပထမဆုံးလုပ်ရမည်မှာ အပစ်အခတ်ရပ်စဲရေးနှင့် ရိုးသားပွင့်လင်းသော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်ဖြစ်ကြောင်း ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းဖို့ဆိုရင် တန်းတူညီတူရေးဆိုတာရှိရမယ်။ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်ယုံကြည်ခြင်းဆိုတာ ရှိရမယ်။ ဒါတွေက နေ့ချင်းညချင်းဖြစ်နိုင်တဲ့ကိစ္စတွေ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေထဲမှာ ဗမာကိုထည့်ထည့်ပြောရတယ်။ ကျွန်မတိုင်းရင်းသားတွေကြားမှာ အေးချမ်းမှုဆိုတာ ဗမာတွေကလည်း အခြားတိုင်းရင်းသားတွေနဲ့ အတူတူပဲ။ အားလုံးက အေးအေးချမ်းချမ်းနေဖို့ဆိုရင် ကျွန်မတို့ အင်မတန်ကြိုးစားပြီးလုပ်ရမယ့် ကိစ္စပါ။ လွယ်လွယ်နဲ့တော့ဖြစ်မှာမဟုတ်ပါဘူး။"
“ဘာဖြစ်လို့လဲဆိုရင် သမိုင်းအစဉ်အလာအရကို တစ်ယောက်နဲ့တစ်ယောက်ကို မယုံကြည်တဲ့စိတ်တွေ၊ တစ်ယောက်နဲ့တစ်ယောက်ကို သံသယနဲ့မြင်တဲ့ အလေ့အထတွေရှိနေတယ်ဆိုတော့ ဒါတွေကိုပေါက်မြောက်အောင်ဆိုတာ ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးမူအရပြောရမယ်ဆိုရင် ပထမဆုံးစလုပ်ရမှာကတော့ တွေ့ဆုံဆွေးနွေးမှု၊ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်နိုင်မယ့် တွေ့ဆုံဆွေးနွေးရေးဆိုတာ အရေးကြီးဆုံးဖြစ်ပါတယ်။ အဲဒီလိုတွေ့ဆုံဆွေးနွေးဖြစ်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပစ်နေလို့တော့မ ဖြစ်ဘူးလေ။ အပစ်အခတ်ရပ်စဲရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများမှာ စိုးရိမ်ဝမ်းနည်းစရာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူမအနေဖြင့် ကူညီရန်အသင့်ရှိကြောင်းကိုလည်း အောက်ပါအတိုင်း ပြောကြားသည်။ “ဇူလိုင်လတုန်းကဆို သမ္မတကြီးဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတချို့ကို အိတ်ဖွင့်ပေးစာပေးပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းရေး ပြဿနာဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဘယ်နေရာကဖြစ်ဖြစ် ကူညီနိုင်လို့ရှိရင် ကူညီ ချင်ပါတယ်ပြောခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ ဘယ်တော့မဆို ကျွန်မတို့အနေနဲ့ ကျွန်မတစ်ယောက်တည်းအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သော်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်ထောင့်တစ်နေရာကနေ ကူညီနိုင်မယ်ဆိုရင်ကျွန်မတို့အနေနဲ့ ဝင်ရောက်ပါဝင်ကူညီဖို့ အသင့်ပါပဲလို့ပြောချင်ပါတယ်”။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment