သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး(နေပြည်တော်)
ရက်စွဲ။ ။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာ( )ရက် ရည်ညွှန်းချက်။ ။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ကလေးမြို့အကျဉ်းထောင်အတွင်းရှိအရှင်ဂမ္ဘီရ အပေါ်ထောင်ပိုင်ကြီးနှင့်တကွထောင်ဝန်ထမ်းများ၏ တရားဥပဒေနှင့်မညီမညွတ်သော လူ့အခွင့်အရေးချိုး ဖောက်မှုများ၊အမှန်တကယ်ခံစားနေရသောရောဂါနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသောထိုးဆေးများထိုးသွင်းနေ သည့်အတွက် ပိုမိုဆိုးဝါးပြင်းထန်လာသောအခြေအနေများကြောင့် ၄င်းကဲ့သို့လွဲမှားစွာပြုမူဆောင်ရွက်နေမှုများ ကို ချက်ချင်းရပ်တန့်ပေးပါရန်နှင့်အရှင်ဂမ္ဘီရအားချက်ချင်းပြန်လွှတ်ပေးပြီးမိသားစုများမှအရှင်ဂမ္ဘီရခံစားနေရ သာရောဂါများကို အနီးကပ်ကြပ်ကြပ်မတ်မတ် ဆေးကုသခွင့်ရနိုင်ပါရန် တောင်းဆိုခြင်းကိစ္စ
လေးစားအပ်ပါသော သမ္မတကြီးရှင်
ကျွန်မသည်အထက်ရည်ညွှန်းချက်ပါ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ကလေးမြို့ အကျဉ်းထောင်အတွင်းရှိ အရှင်ဂမ္ဘီရ၏အမ မခင်သူဌေး(၈/ပမနနိုင် ၀၀၁၄၈၆)ဖြစ်ပါသည်။ အရှင်ဂမ္ဘီရအကျဉ်းကျ နေစဉ်ကာလတစ်လျှောက် အရှင်ဂမ္ဘီရ၏ထောင်ဝင်စာကိစ္စအ၀၀ကို တာဝန်ယူခဲ့သလို ယခုလည်း အရှင်ဂမ္ဘီရခံစား နေရသော အဖြစ်ဆိုးမှလွတ်မြောက်နိုင်ရန်အတွက် အရှင်ဂမ္ဘီရနှင့် မိသားစုဝင်အားလုံး၏ ကိုယ်စားတောင်းဆိုရခြင်း ဖြစ်ပါသည်။
အရှင်ဂမ္ဘီရအား ၂၀၀၈ခုနှစ် နိုဝင်ဘာ(၂၂)ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ပြီးနောက် ထောင်ဒဏ်(၆၈)နှစ်နှင့် ခန္တီးအကျဉ်းထောင်သို့ပြောင်းရွှေ့ ခဲ့ပါသည်။ ခန္တီးအကျဉ်းထောင်သို့ရောက်ပြီး ၂၀၀၉ခုနှစ်ဧပြီလ (၁)လလုံးလုံး ခန္တီးထောင်ပိုင်ကြီးနှင့်ထောင်ဝန်ထမ်းများမှ နေ့ ညမပြတ်(၁၅)မိနစ်လျှင်(၁)ကြိမ်နှုန်းဖြင့် အရှင်ဂမ္ဘီရ ၏ဦးခေါင်းအား (၂”x၁”)သစ်သားတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပါသည်။ အရှင်ဂမ္ဘီရမှထောင်အတွင်းကျန်းမာရေးအတွက် လမ်းလျှောက်ခွင့်မရခြင်းအပေါ်တောင်းဆိုရာမှ ထိုသို့ ရိုက်နှက်ပြုမူနှိပ်စက်ခြင်းများခံခဲ့ရကြောင်း အရှင်ဂမ္ဘီရနှင့် ထောင်ဝင်စာတွေ့ ဆုံစဉ်ပြောပြချက်အရ သိရှိခဲ့ရပါသည်။
ထိုသို့ရိုက်နှက်စဉ်တွင်လည်း အရှင်ဂမ္ဘီရအား လက်ထိပ်နောက်ပြန်ခပ်ထားခြင်း ၊ခြေထောက်ကိုဒေါက်ခပ်ထားခြင်း ဦးခေါင်းအားအိတ်အမည်းစွပ်ထားခြင်း၊ ပါးစပ်အတွင်းအ၀တ်များအားကုန်ထိုးသွတ်ထားခြင်း၊ဟူသော လူမဆန် သော၊လူ့ အခွင်းအရေးကိုအစွမ်းကုန်ချိုးဖောက်သော ၊ဥပဒေနှင့်မညီညွှတ်သော အပြုအမှုများကိုပြုမှုခဲ့ကြပါသည်
ထိုနှိပ်စက်ခံခဲ့ရသည့်(၁)လတာကာလအတွင်း ထမင်းကိုဇွန်းဖြင့်ခွံ့ ကျွေးခဲ့ကြပြီး ကုလားထိုင်ပေါ်တွင်သာထိုင်နေ စေကာအပေါ့၊အလေးကိစ္စများကိုလည်း ဒီအတိုင်းသာသွားခဲ့ရပါသည်။ ထိုသို့ မသေရုံတမည်နှိပ်စက်ခဲ့ကြပြီး နောက်၂၀၀၉ခုနှစ်၊မေလ(၁၂)ရက်နေ့ တွင် ခန္တီးထောင်ပိုင်ကြီးမှ ကလေးထောင်ပိုင်ထံသို့ ”အရူးတစ်ယောက်ပို့ လိုက်သည်” ဟူသောေ ကြးနန်းဖြင့် အရှင်ဂမ္ဘီရ၏ ဦးခေါင်းအားအိတ်အမည်းစွပ် ၊ခြေဒေါက်ခပ်၊ လက်ထိပ်နောက်ပြန်ခပ်ကာ ကလေးထောင်သို့ပြောင်ရွှေ့ စေခဲ့ပါသည်။
ကလေးအကျဉ်းထောင်မှ ထောင်ပိုင်ဦးဝင်းသော်(ယခုအခါအ ငြိမ်းစား)မှလည်း အရှင်ဂမ္ဘီရရောက်ရှိလာခြင်းအား အရူးတစ်ယောက်ရောက်လာသည်ဟုပြောဆိုခဲ့ကြောင်း၊ မကြာ သေးမှီက သမ္မတကြီး၏လွတ်ငြိမ်းချမ်းသာအမိန့် ဖြင့် ကလေးအကျဉ်းထောင်မှ့ပြန်လည်လွတ်မြောက်လာသော အကျဉ်းသားများဖြစ်သည့် ဦးအေးချို၊ လှိုင်မျိုး၊ ကိုမင်းအောင်၊ ကိုမြင့်နိုင်၊ ဦးသိန်းလွင်ဦးတို့ မှပြန်လည်ပြောပြခဲ့ကြပါသည်။
ကလေးအကျဉ်းထောင်သို့ရောက်ပြီးနောက် အရှင်ဂမ္ဘီရအား တိုက်သစ်ထဲတွင် တစ်ပါးတည်းထားခဲ့ပြီး အပြင်မှသံဆူးကြိုးများအထပ်ထပ်ကာရံကာ အတွင်းတံခါး(၂)ချပ်ကိုလည်း လုံးဝဖွင့်ပေးခဲ့ခြင်းမရှိကြောင်း အကျဉ်းသား ဟောင်းများထံမှ စုံစမ်းသိရှိရပါသည်။
ထိုအချိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသောအကျဉ်းသားများ အရှင်ဂမ္ဘီရအပေါ် ထိုသို့ပိတ်လှောင်ထားမှုအားမပြုလုပ်ရန် ၀ိုင်းဝန်းတောင်းဆိုရာတွင် ထောင်အာဏာပိုင်များမှ ကျန်းမာရေးမကောင်းဟုဆိုကာ ဆက်လက်ပိတ်မြဲပိတ်လှောင်ထားခဲ့ပါသည် ။ နောက်ပိုင်းအတန်ကြာမှ ဖွင့်ပေးခဲ့ ကြောင်းသိရပါသည်။
အထက်ပါနှိပ်စက်ခံရသည်ဆိုသောသတင်းများကြောင့် မိသားစုမှကလေးအကျဉ်းထောင်သို့ သွားရောက်တွေ့ ဆုံခဲ့ရာ အရှင်ဂမ္ဘီရ၏ မမြင်ရက်စရာမြင်ကွင်းကဆီးကြိုနေခဲ့ပါသည်။ ပါးစပ်အတွင်းသို့ တအားကုန်ထိုးသွင်းခံခဲ့ရမှုကြောင့် အသံပျောက်နေခဲ့ပြီး လက်နှစ်ဖက်မှာသေးသိမ်ချိုင့်ဝင်လျှက် လက်ထိပ်နောက်ပြန်ခပ်ပြီး ရှေ့နောက်တွန်းထိုးခံခဲ့ရသောဒဏ်ရာများမှာ ပွန်းပဲ့ကာ သေရာပါဒဏ်ရာများဖြင့် စိတ်မကောင်းဖွယ်ရာတွေ့မြင် ခဲ့ရပါသည်။
ဤကဲ့သို့ တစ်လလုံးလုံး ဦးခေါင်းကို(၁၅)မိနစ်လျှင်တစ်ကြိမ် တုတ်ဖြင့်ရိုက်နှက်ခံခဲ့ရသောဒဏ်ရာများက ဦးခေါင်းအတွင်းအကျိတ်တည်ခြင်း (သို့မဟုတ် ) ပြည်တည်နာဟုခန့်မှန်းယူဆရလျှက် နားလည်တတ်ကျွမ်း သာသမားတော်ကြီးများနှင့် သေသေချာချာအမြန်ဆုံးစမ်းသပ်စစ်ဆေးခံယူခွင့်ရနိုင်ပါရန် အရေးတကြီးအမြန်ဆုံး လိုအပ်လျှက်ရှိနေပါသည်။
ထိုဒဏ်များက တစ်ရက်လျှင်တစ်ကြိမ်(သို့မဟုတ်)တစ်ပတ်တစ်ခါမခံမရပ်နိုင်ကိုက်ခဲ နာကျင်လာသည့်အခါ ဦးခေါင်းကိုအုပ်ကိုင်လျှက် တအားအားအော်ညည်းနေရတတ်ကြောင်း သိရှိခဲ့ရပါသည်။ ထိုကဲ့သို့အော်ညည်းလာသည့်အခါတိုင်း ထောင်ပိုင်ကြီးဥိးဝင်းသော်လက်ထက်မှစတင်၍ ယခုလက်ရှိထောင်ပိုင်ဦးဂိုကျင်ပေါင်လက်ထက်အထိ ထောင်ပိုင်ကြီးအပါအ၀င် ထောင်မှူးထောင်ဝန်ထမ်းများက အရှင်ဂမ္ဘီရအားမူးယစ် ဆေးဝါးတစ်မျိုးမျိုးဟုယူဆရသည့် ဆေးများကိုအကြောထဲထိုးသွင်းကျင့်စဉ်အား အစဉ်အမြဲပြုလုပ်လျှက်ရှိကြောင်း၊ ထိုဆေးထိုး၍ မပြီးခင်ပင်အိပ်ပျော်သွားတတ်လျှက် (၅)နာရီလောက်ကြာကြာအိပ်ပျော်သွားတတ်ပြီး အိပ်ယာမှ နိုးလာလျှင် အာများလျှာများလေးလံကာ ကြည်လင်လန်းဆန်းမှုမရှိဘဲ ကြောင်တောင်တောင်ဖြစ်နေတတ်သည်ဟု အဆိုပါအကျဉ်းသားဟောင်းများမှ ပြောပြကြပါသည်၊
ထိုသို့သောအခြေအနေများမှာ အနာနှင့်ဆေးတည့်အောင် မှန်ကန်စွာကုသခြင်းမဟုတ်ဘဲ လတ်တလောပြေလည်သွားစေရန် လွဲမှားစွာပြုကျင့်ခံရခြင်းကြောင့် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော အကျဉ်းသားများမှ အရှင်ဂမ္ဘီရအား နားလည်တတ်ကျွမ်းသူများနှင့်ကုသနိုင်ပါရန် ရန်ကုန်သို့ပြောင်းရွှေ့ပေးပါရန် ၀ိုင်းဝန်းတောင်းဆိုခဲ့ဘူးသည်ဟုသိရှိရပါသည်၊ ယခုကလေးရဲဘက်စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုထောင်မှူးဦးခင်မောင်သိန်းသည် ကလေးအကျဉ်းထောင်တွင် တာဝန်ကျခဲ့စဉ်က အရှင်ဂမ္ဘီရခံစားနေရသောရောဂါဝေဒနာမှာ ကလေးမြို့တွင် ကုသနိုင်သောဆရာဝန် ၊ဆေးခန်း ၊ဆေးရုံမရှိပါ၍ ရန်ကုန်မြို့သို့ပြောင်းရွှေ့ကုသသင့်ကြောင်းကို သက်ဆိုင်ရာအထက်လူကြီးများသို့တင်ပြပေးဘူးကြောင်း၊ ယခုကဲ့သို့လွဲမှားစွာဆေးထိုး၍ ဖြေရှင်းခြင်းမှာ လွန်စွာအန္တရာယ်ကြီး၍မှားယွင်းကြောင်း၊ မိမိမလုပ်ရဲကြောင်း ၊နောင်တစ်ချိန်မိမိတာဝန်အဖြစ်မခံနိုင်ကြောင်း အထက်လူကြီးများသို့စာတင်ပေးဘူးကြောင်း ကိုပြန်လည်လွတ်မြောက်လာသောအကျဉ်းသားဟောင်းတစ်ဦးမှ ပြောပြပါသည်၊
အရှင်ဂမ္ဘီရသည် တစ်ခါတစ်ရံဂဏှာမငြိမ်ဖြစ်လာတတ်ပြီးထိုင်ရ မလိုထရမလိုနှင့် နံရံကိုလက်သီးနှင့်ထိုးခြင်းများ၊ လှုပ်ရှားထကြွလာသောစိတ်ကို တရားထိုင်ပုတီးစိပ်၍ထိန်းချုပ်ပါသော်လည်း ထိန်းချုပ်နေသည့်ကြားမှလွတ်ထွက်ကာ မိန်းဂျေးကိုပတ်ပြေးတတ်သည်ဟုပြန်လည်လွတ်မြောက်လာသော အကျဉ်းသားများ၏ စကားကိုကောက်ချက်ဆွဲရလျှင် ခံစားနေရသည့် ရောဂါအပြင် ထောင်မှအမြဲလိုလိုထိုးသွင်းလျှက်ရှိသည့် ဆေးကိုစွဲနေပြီဖြစ်ကြောင်း ယူဆမိပါသည်၊
ထိုကဲ့သို့ဆိုးဝါးပြင်းထန်နေသောအခြေအနေများကိုရင်ဆိုင်နေရသည့်အရှင်ဂမ္ဘီရအားလိုအပ်သည့်ဆေးဝါးကုသမှုများပြုလုပ်ပေးနိုင်ရန
်အတွက်
်နားလည်တတ် ကျွမ်းသောသမားတော်များနှင့်ပြသနိုင်ရန်အတွက် အရှင်ဂမ္ဘီရအားချက်ချင်းလွှက်ပေးပါရန် သမ္မတကြီးအားလေးစားစွာဖြင့် အနူးအညွတ်တောင်းဆိုအပ်ပါသည်၊
ယခင်အစိုးရလက်ထက်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တရားလက်လွတ်လုပ်ရပ်များကို သမ္မတကြီး၏ အစိုးရအဖွဲ့သစ်အနေဖြင့်ပြုပြင်ပြောင်းလဲနေသည်ဟု ကျွန်မအနေဖြင့်ကြားသိတွေ့မြင်လျှက်ရှိနေပါသည်၊ အရှင်ဂမ္ဘီရအပေါ်ပြုကျင့်ခဲ့ကြသောကိစ္စရပ်များမှာ လုံးဝမဖြစ်သင့်သော၊ လူမဆန်သော၊ ဥပဒေမဲ့ပြုကျင့်ကြသောကိစ္စရပ် များဖြစ်ပါသည်၊
ဤအဖြစ်များကိုကျူးလွန်ခဲ့ကြသော ခန္တီးထောင်ပိုင်ကြီး၊ကလေးထောင်ပိုင်ကြီးနှင့် ဤအမှုတွင်ပါဝင်ကျူးလွန်ခဲ့ကြသူအားလုံးအား ကျမအနေဖြင့်အာဃာတဖြင့်မဟုတ်ဘဲ စစ်မှန်သောဒီမိုကရေစီပေါ်ပေါက်ရေး၊ တရားနည်းလမ်းကျသောဥပဒေပေါ်ပေါက်ရေး ၊နှင့်မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ရရှိစေနီုင်သော ဥပဒေပေါ်ပေါက်ရေးတို့အတွက် တရားစွဲဆိုခွင့်ရရှိနိုင်ပါရန်ြ မန်မာနိုင်ငံသားအားလုံး၏ကိုယ်စား လေးစားစွာဖြင့် သမ္မတကြီးအား အနူးအညွတ်တောင်းဆိုလိုက်ရပါသည်။
လေးစားစွာဖြင့်
မခင်သူဌေး ၈/ပမန(နိုင်)၀၀၁၄၈၆ (အရှင်ဂမ္ဘီရ၏အမတော်)
စက်မှုဇုံ(၅)လမ်း
မိတ္ထီလာစက်မှုဇုံ မိတ္ထီလာမြို့။
အညာနွေတမာမြေ ဆိုဒ်မှ တဆင့် ဖော်ပြသည်။
31 October 2011
ဦးဂမ္ဘီရအတွက် မိသားစုမှ သမတကြီးထံသို့ မေတ္တာရပ်ခံချက်
Etiketter: သမတကြီးထံသို့ မေတ္တာရပ်ခံချက်
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment