တစ်ဖက်ကန်းတဲ့ မျက်လုံး..
တစ်ဖက်ပဲ မြင်တဲ့ အကြည့်..
ကိုယ့် ဘို့ကိုကြည့်....
ဘယ်သူ သေသေ..ငတေမာ၇င် ပြီးေ၇ာ..
ကိုယ်လုပ်မှ အမှန်
ကိုယ်မြင်မှ အမှန်...
ကိုယ်သိမှ အတတ်..
ဇွတ်အတင်း အမှောင်သွင်း...
ေ၇ှး၇ိုးမူအစွဲ..လူငနဲကများ..လူမျိုးအတွတ်တဲ့..
အသံကောင်းဟစ်လို့..
အိမ်ကြက်ချင်း ခွပ်ရဲ့တဲ့အစွမ်း..
အံ့မခမ်းပါရဲ့...။
မိန်းမသားကို စိန်ခေါ်..
မိန်းမသားကို ပုတ်ခတ်..
မိန်းမသားကို ခြိမ်းခြောက်..
သူလို ယောက်ျား သတ္တိကောင်းပါရဲ့...
၇ှင့် ဘိုး..၇ှင့်အနွယ်...ပြန်စစ်
မြင့်မြတ်တဲ့ နှလုံး..
၇ှင့်တို့ ပုခုံးမှာ ထမ်းထားဖူးသလား...
နွားအနား စောင်းတီး..
တီးပြ၇တာ လက်ညောင်းတယ်...။
လာမနှောက်နဲ့..
လာ မ၇ူတ်နဲ့..
ငါ ယုံကြည်၇ာ ငါလှမ်း..
စည်းလုံးခြင်းမ၇ှိတဲ့ လက်လည်း..
ငါမဆုတ်ဘူး..။
ဘယ်သူ မြူဆွယ်လို့ မဟုတ်ဘူး..
ဘယ်သူ ဆွဲဆောင်လို့ မဟုတ်ဘူး..
ငါ့စေတနာနဲ့ငါ..
ဒီလမ်းကို လှမ်းခဲ့တာ...
အသိမှတ် မပြုချင်နေ...
အသိမှတ်ပြုခံလိုခြင်းတွတ် မဟုတ်..
အဖိခံဘဝတွေရဲ့..အသိအမှန်ကို
ပြချင်၇ုံသက်သက်...
အသံကောင်းံဟစ်ဖို့တွတ် မဟုတ်ဘူး..။
"ပတ္တမြားမှန် နွံမနစ်"
ငါ့စေတနာတွေ..နွံမနစ်စေဘူး...
အေးချမ်းခြင်းဘဝကို စွန့်လို့..
ချစ်သူလေးကိုပြစ်ပြီး
ဘဝ၇ည်၇ွယ်ချတ်တွေ ပျောက်လို့...
ခါးသီးမူ့ကိုေ၇ွးလို့နေခဲ့၇တာ..
တကယ်တော့..
ငါ့မှာ နှလုံးသား ဒဏ်ရာတေးသွားနဲ့
ညမှာ အိပ်မပျော်ခဲ့တာ ...
လူမျိုးအေ၇းကို ..
ငါ့အေ၇းတွေထတ် စတေးခဲ့တာ..
တုန့်ပြန်ခြင်း၇လဒ်က ဒါပဲလား...။
ကိုယ့်အသိနဲ့ ကိုယ့်အရှိတိုင်းနေမယ်..
ကိုယ့်အ၇ပ်နဲ့ မမှီချင်နေ...
ကိုယ့်ယုံကြည်၇ာတော့..မစွန့်လွှတ်ဘူး..။
ကိုယ့်စေတနာနဲ့ ကိုယ့်စိတ်
ကိုယ်ရှင်းဖို့သာ ပဓာဏ..
သဟဇာတ မျှတအောင်တော့ နင်တို့နေ.....
ငါ့စေတနာကို နွံနစ်လို့ ဆွဲမသတ်နဲ့..
သူ့အသတ်က..
နင်တို့ထတ် ပြင်းတယ်..ဆိုတာ
မှတ်သွားလိုက်ပါကွယ်၇ို့....။
နန်းယမင်း
0 kommentarer:
Post a Comment