ကျနော်ရဲ့တဦးတည်းအမြင်နဲ့ ပြောမယ်ဆိုရင် မြန်မာပြည်က စထွက်လာကတည်းက ပြန်ဖို့အတွက် ထွက်လာတာပါ။ ဒါပေမယ့် အပြောင်းအလဲ တခုတော့ ရှိရမယ်။ ပြန်တဲ့သူတွေအတွက် သူတို့ရဲ့လူ့အဖွဲ့အစည်းမှာ အကျိုးပြန်ပြုနိုင်စေတဲ့သူ ဖြစ်ရမယ်။ ဥပမာ - မီဒီယာသမား ဆိုရင်လည်းပဲ မီဒီယာကဏ္ဍမှာပေါ့။ ဒါကြောင့် ပြန်ဖို့ အဆင်သင့်ပါပဲ။ ပြန်ဖို့ စောင့်နေတာ နှစ် ၂၀ ကျော်ပြီလေ။ ပြန်ချင်တဲ့အတွက်လည်း အနီးဆုံး ထိုင်းနိုင်ငံမှာပဲ နေတာပါ။အာလုံးပြန်လို့ရအောင် အခြေအနေတခုကို ဖန်တီးပေးရမှာက အစိုးရပါ။ အကျဉ်းသားတွေ ပြန်လွှတ်ပေးမလား။ ကျနော်တို့လို မီဒီယာတွေ ပြန်လာရင်ရော ဘယ်လောက်အထိ လုပ်ပိုင်ခွင့်တွေရမလဲ။ ပြန်တယ်ဆိုတာ ထောင်ထဲပြန်ဝင်တာ မဟုတ်ဘဲနဲ့ ကိုယ်တိုင်းပြည် ကိုယ်ပြန်လာတာ ရင်ကော့ပြီး သိက္ခာရှိရှိ ပြန်ရတာမျိုးလိုချင်တယ်။
အခုဆိုရင် လူတွေက စိုးရိမ်မှုတွေရှိနေကြတယ်။ သမ္မတ ပြောတာတွေကလည်း မရှင်းမရှင်းပဲ။ ပြန်မယ့်အထဲမှာ ကျနော်ပါတယ်။ ဒါပေမယ့် ဒီနေ့မဟုတ်ဘူး။ အချိန်တခု ရောက်လာမယ်လို့ ကျနော်ထင်တယ်။ အဲဒါက ဘာလဲဆိုတော့ တိုင်းပြည်ဟာ အတော်လေး တည်ငြိမ်နေပြီ။ ပြန်မယ့်သူတွေအတွက်လည်းပဲ အာမခံချက် ရှိနေပြီ ဆိုရင်ပေါ့။
ကျနော်တို့က ပြစ်မှု ကျူးလွန်ထားသူတွေ မဟုတ်ဘူးလေ။ ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေသူတွေအတွက် ပြောတာပါ။ ဒီလူတွေအတွက် အာမခံချက် တခုခုကို အစိုးရက အရင်လုပ်ပေးရမယ်။ လူသားတယောက်အနေနဲ့ သိက္ခာရှိရှိပြန်ရဖို့ အရေးကြီးတယ်။ ဒီဘက်က တတ်ထားတဲ့ပညာတွေ၊ အသိပညာ၊ အတတ်ပညာတွေကို ပြည်တွင်းမှာ ပြန်အသုံးချဖို့အတွက် လုပ်စရာတွေ အများကြီးပါ။ ဒီတော့ တိုင်းပြည်မှာ ငြိမ်းချမ်းနေပြီ၊ တည်ငြိမ်နေပြီ၊ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုရင် အားလုံးပြန်ကြမှာပါ။ (ကိုအောင်ဇော်၊ ဧရာဝတီ အယ်ဒီတာ)
အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်က အားရကျေနပ်တယ်ပြောလို့ အကောင်းဆုံးဘက်ကို ဦးတည်နေပြီလို့တော့ ယုံကြည်တယ်။ ဒါပေမယ့် အဦးဆုံး အနီးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြွင်းမဲ့ အရင်လွတ်ပေးဖို့ရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံရေး ပြဿနာကို မျက်နှာချင်းဆိုင် ဖြေရှင်းနိုင်ပြီးရင်တော့ ပြည်ပရောက် အတိုက်အခံတွေဟာလည်း မဖိတ်ခေါ်ရင်တောင် ယိုယွင်းနေတဲ့ ကိုယ့်တိုင်းပြည်ကို အဘက်ဘက်ကနေ ညီညီညွတ်ညွတ်နဲ့ ကူညီပံ့ပိုးဖို့ ပြန်လာကြမှာပါ၊ (ကာတွန်း ဟန်လေး)
ပြည်ပရောက်မြန်မာတွေကို ပြန်ခေါ်တယ်ဆိုတာက နိုင်ငံရေး ပဋိပက္ခပြဿကြီး တခုလုံးအတွက် အဖြေမဟုတ်သေးပါဘူး။ တကယ့် ပြဿနာ ဖြေရှင်းရေးအတွက် အတိုက်အခံတွေ အပြင် တိုင်းရင်းသား တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးရမယ်။ ပြည်ပရောက် အတိုက်အခံတွေကို ပြန်လာပါ ပြောနေသည့်တိုင် အစိုးရတပ်တွေဟာ တိုင်းရင်းသား ဒေသတွေမှာ ချထားတုန်း၊ နေစဉ် တိုက်ပွဲတွေ ဖြစ်နေတုန်းပါ။ (နော်စီဖိုးရာစိန်၊ အထွေထွေ အတွင်းရေးမှူး၊ ကရင်အမျိုးသားအစည်းအရုံး)
လိုလိုလားလားနဲ့ အပြင်မှာ ရောက်နေတဲ့သူတွေကို ပြန်ခေါ်ချင်တယ် ဆိုလို့ရှိရင် အထဲမှာ ရှိနေတဲ့လူတွေရဲ့ ဘဝကို ပိုပြီးတော့ ကောင်းအောင် လုပ်ပေးဖို့ပေါ့။ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ ထောင်ကျော်ရှိတယ်။ သူတို့ကို ပြန်လွှတ်ပေးဖို့။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတာတွေကို ရပ်စဲပေးဖို့ပေါ့၊ ငြိမ်းချမ်းရေး ရဖို့ဆိုတာကို အရင်စပြီးတော့ သွားမှသာ အပြင်ကလူတွေကို ပြန်ခေါ်တာ ကျမတို့ ယုံကြည်မှု ရှိမှာလေ။ (ဝေနှင်းပွင့်သုန်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမြအေး၏ သမီးကြီး၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် စီးပွားရေးပညာ သင်ယူလျက်ရှိ)
ပြည်တွင်းထဲကို ၀င်ပြီးတော့ နှုတ်ပိတ်ပြီး သူတို့ရဲ့ မူဝါဒတွေ၊ နှစ်သိမ့်မှုတွေ အောက်ကနေပြီးတော့ ကျနော်တို့ ဆက်ပြီး ရပ်နေနိုင်မယ့် အနေအထားမှာ ဘယ်လိုမှ မဖြစ်ဘူး။ ၀င်နေရင်လည်း ကျနော်တို့က ဘယ်အစိုးရပဲ တက်တက် ဘယ်ကုမ္ပဏီပဲ လာလာ၊ ဘယ်အနေအထား တခုပဲဖြစ်ဖြစ် ဆက်လက်ပြီးတော့ ဒေသခံတွေကို ကာကွယ်ရမယ်၊ သူတို့အတွက် ပိုပြီးတော့ အကျိုးရှိမယ့် လုပ်ငန်းတွေကို လုပ်ပေးရမယ်။ အဲဒီတော့ ကျနော်တို့ ပြည်ထဲကို ၀င်ရင်လည်း သယံဇာတနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ဒေသခံတွေရဲ့ စားဝတ်နေရေး အခန်းကဏ္ဍကနေပဲဖြစ်ဖြစ် သူတို့တွေရဲ့ အကျိုးအတွက် သူတို့အတွက် ထိုက်သင့်တဲ့ ရသင့်ရထိုက်တာတွေကို ရဖို့ တိုက်ပွဲဝင်နိုင်မှပဲ ကျနော်တို့ အထဲကို ၀င်ဖို့ စိတ်ကူးတယ်။ (ကိုဝင်းအောင်၊ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment