
ကိုအောင်မိုးဇော်၊ ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)
အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တကယ်ပီပြင်ဖို့၊ နောက်ဆုံး စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ရှေ့ဆက်ဆွေးနွေးဖို့ လိုတယ်။ အောင်မြင်ဖို့ လိုတယ်။ ဒုတိယက တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲပြီး တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ဖို့လိုတယ်။ တတိယ အချက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ဒီမိုကရေစီအရေးအတွက် လုပ်နေရင်း အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လိုတယ်။ ဒီလိုဆိုရင် တိုင်းပြည်အတွက် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ ဦးတည်သွားပြီလို့ ပြောလို့်ရတယ်။ အဲဒီလို အခြေအနေမျိုးမှာဆို အပြင်က လူတွေကို ဖိတ်စရာတောင်မလိုပါဘူး။
အခု သမ္မတ ဖိတ်ထားတာက ဘာမှ ရှင်းလင်းပြတ်သားမှု မရှိဘူး။ ခုန အခြေအနေ ၀န်းကျင်တွေမရှိဘဲ ဖိတ်တာဖြစ်တယ်။ အဲဒီအခြေအနေဆိုရင် တမျိုးပါ။ ကျနော်တို့က ထွက်ပြေးလာတာ မဟုတ်ဘူး။ တိုင်းပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ထွက်လာပြီး အလုပ်လုပ်နေကြတဲ့သူတွေ ဖြစ်တယ်။
(ကိုဂေါ်ဇီလာ ထိုင်းနိုင်ငံရောက် လူရွှင်တော်)အခြေအနေကို စောင့်ကြည့်နေတယ်။ နောက်လဆို ပြန်မယ်။ သူတို့လို အနုပညာသမားတွေ အတွက် ပြည်တွင်းမှာ ရှင်သန်တာက ပိုအားရှိတယ်။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးက ပြည်တွင်းမှာပဲ လုပ်လို့ရမယ်။ ပြည်ပမှာ လုပ်လို့မရဘူး။
(ကိုညီညီအောင်၊ အမေရိကန် နိုင်ငံသား၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံကို သွားရောက်သဖြင့် ခေတ္တ ထိမ်းသိမ်းခံရဖူးသူ)သူတို့ စဉ်းစားမယ်ဆိုတာလောက်နဲ့ ပြန်ဖို့ဆိုတာကို ကျနော်တို့ စဉ်းစားပေးလို့ မရသေးပါဘူး။ အကျဉ်းကျနေတဲ့ ကျနော်တို့ ရဲဘော်တွေ၊ ယုံကြည်ချက်ကြောင့် ချုပ်နှောင်ခံထားရတဲ့ သူတွေကို မလွှတ်မချင်း လက်ရှိ မြန်မာနိုင်ငံပြဿနာ စတင်ဖြေရှင်းဖို့ လမ်းပေါက်မပွင့်သေးဘူး။ ဘာကြောင့် ထွက်လာခဲ့ကြတာလဲ၊ တိုင်းပြည်မှာ အာဏာရှင်စနစ် ဆိတ်သုန်းပြီး ဒီမိုကရက်တစ်စနစ် ထူထောင်မှ နိုင်ငံနဲ့ နိုင်ငံသားတွေ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အခင်းအကျင်း အခြေအနေကို ရမယ်လို့ ယုံကြည်ချက်နဲ့ ထွက်လာတာကြောင့် လက်ရှိ နိုင်ငံမှာဖြစ်နေတဲ့ အခြေအနေဟာ မိမိတို့ လိုလားချက်ကို အထောက်အပံ့ဖြစ်နိုင်တဲ့ အလားအလာ တစုံတရာမတွေ့ရသေးပါဘူး။ ဒီအတွက် ပြန်ဖို့ဆိုတာ ခေါင်းထဲမှာ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စ မဟုတ်သေးဘူးလိုပဲ ပြောချင်တယ်။
(ဦးဇ၀န၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ - မဲဆောက်ရုံး တာဝန်ခံ)မပြန်သင့်ဘူး။ တလျှောက်လုံး ကတိမတည်ခဲ့တဲ့သူတွေရဲ့ စကားကို ခုခါမှာ စိတ်ချလက်ချ မယုံသင့်ဘူးလို့ ပြောချင်တယ်။
(ဦးအောင်မျိုးမင်း၊ ညွှန်ကြားရေးမှူး၊ လူ့အခွင့်အရေး ပညာပေး ရေးဌာန (မြန်မာနိုင်ငံ) - HREIB)ပြန်ခေါ်တယ်ဆိုတာကတော့ ၀မ်းသာစရာကောင်းပါတယ်။ ဒါပေမယ့်သမိုင်းက အဖြတ်အပျက်တွေက ယုံကြည်နိုင်ဖို့အတွက် ခက်ခဲနေတယ်။ ၈ လေးလုံး ကျောင်းသားတွေ ပြန်လာဖို့ အရင် စစ်ခေါင်းဆောင်တွေ ခေါ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် ပြန်သွားတဲ့ကျောင်းသားတွေ ဘာဖြစ်ခဲ့သလဲ။ အခုထိ ပျောက်ကုန်တာတွေ၊ ထောင်ထဲမှာ ထပ်အဖမ်းခံရပြီး လုံးပါးပါးသွားတာတွေ ဖြစ်ခဲ့တယ်လေ။ ပြန်ခေါ်မယ်ဆိုင်ရင် ပြန်ခေါ်နိုင်မယ့် အာမခံချက်မျိုး၊ ပြန်ခေါ်တာကို ယုံကြည်နိုင်လောက်တဲ့ အနေအထားမျိတွေ ရှိရမယ်၊ ကျနော်တို့လည်း အိမ်ပြန်ချင်တာပေါ့။ အိမ်ပြန်ချင်လို့၊ ကိုယ့်အမိမြေကို ကောင်းကောင်းမွန်မွန်ပြန်ချင်လို့ ၂၃ နှစ်လုံး အလုပ်လုပ်ခဲ့တာပဲ။ ဘယ်သူက မပြန်ချင်ဘဲ ရှိမှာလဲ။ ကျနော်တို့ နှလုံးသားထဲမှာ အမိမြေ ပြန်ရဖို့ရယ်၊ ကိုယ်ယုံကြည်ရာတိုက်ပွဲ ဂုဏ်သိက္ခာရှိရှိ အောင်မြင်ဖို့ လိုချင်တယ်။ ကျနော်တို့ စီးပွားရေးလုပ်ကွက်တွေမလိုဘူး။ နိုင်ငံရေး နေရာတွေလည်း မလိုဘူး။
ဒါပေမယ့် ၈ လေးလုံးက အကြောင်းအမျိုးမျိုးကြောင့် ထွက်လာထတဲ့သူတွေကို ပြန်ခေါ်ရင် ၈ လေးလုံး မိသားစုတွေထဲက ယုံကြည်ချက်ကြောင့် ထောင်ထဲရောက်တဲ့သူတွေရော စုံစုံညီညီ ပြန်ဆုံတာမျိုးဖြစ်သင့်တယ်။ မိသားစုတဖက်ကို ပြန်ခေါ်ပြီး ကျန်တဲ့သူတွေ ထောင်ထဲမှာရှိနေသရွေ့ မိသားစုဟာ လွတ်လွတ်လပ်လပ် ပျော်နိုင်မှာမဟုတ်ဘူး။ ကြည်နူးမှုလည်း ပြည့်စုံမှာ မဟုတ်ဘူး။ ဒီတော့ ၈ လေးလုံး မျိုးဆက် အအပါအ၀င် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ။ ပြည်တွင်းစစ်ကို အမြန်ရပ်တန့်ပါ။ ကျနော်တို့တွေရဲ့ နိုင်ငံတ်ာတည်ဆောက်မှု လူ့အခွင့်အရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုပါ။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment