တော်လှန်ရေးပန်းတိုင်ဆီသို့
မပြီးဆုံးသေးသောဒုတိယဖက်ဆစ်တော်လှန်ရေးအားဆက်လျှက်ဆင်နွဲကြ။
--သြဂုတ်လ 12ရက်နေ့ကျရောက်မည့်
61- ကြိမ်မြောက်၊ ကရင့်အာဇာနည်နေ့အား အသက်စွန့်တိုက်ပွဲဝင်ခဲ့ပြီး တမလွန်ဘ၀သို့ ရောက်ရှိသွားရှာတဲ့ အမျိုးသားခေါင်းဆောင်.အာဇာနည်သူရဲကောင်း စောဘဦးကြီးနဲ့အတူကရင်တစ်မျိုးသားလုံးအတွက်အခြားသော ကရင့်တော်လှန်ရေး တပ်ဗိုလ်တပ်မှူး၊ ရဲဘော်ရဲဘက်များအား အောက်မေ့သတိရဂုဏ်ပြုသောအားဖြင့် ဤကဗျာလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။
စောဘဦးကြီးသို့တမ်းတခြင်း
အိုး…….
အာဇာနည် သူရဲကောင်း
အသင်သည်ကားအမျိုးသစ္စာ ဂုဏ်သိက္ခာအတွက်
ရန်သူရှေ့မှောက် ဒူးမထောက်ဘဲ
သူရဲကောင်းပီသစွာဖြင့်
ကရင့်လူမျိုးအတွက်
အသက်စွန့်လှူပေးသွားခဲ့သည်။
သင်သေသော်လဲ သင့်ရဲ့ဂုဏ်သတင်း
ကရင့်ရင်ထဲ သင်းပျံ့နေဆဲ သင်းနေဆဲ။
အိုး…
အာဇာနည် သူရဲကောင်း
အသင်ထွင်ဖောက် သင့်လမ်းဖြောင့်ဝယ်သင့်ရဲ့နောက်လိုက် တပည့်ချစ်တို့
သင့်ရဲ့မိန့်ကြားဆုံးမစကားကို
ဦးထိပ်မှာတင် နားမှာဆင်လျက်
အမျိုးသစ္စာ ဂုဏ်သိက္ခာဖြင့်
ရန်သူ့ရှေ့မှောက် ဒူးမထောက်ဘဲ
ကရင့်ပြည်သူ လူမျိုးအတွက်
အသက်စွန့်လှုပေးသွားကြသည်။
အိုး…
အာဇာနည် သူရဲကောင်း
သင့်ရဲ့နောက်လိုက် တပည့်မိုက်ကားသင့်ရဲ့မှာကြား ဆုံးမစကားနဲ့
ပြောဆိုဆုံးမ သြဝါဒစကား မလိုက်နာဘဲ
အမျိုးသစ္စာ ဂုဏ်သိက္ခာအတွက်
သင့်ရဲ့မျက်နှာ မထောက်ထားဘဲ
ရန်သူ့ရှေ့မှောက် ရှက်မကြောက်ဘဲ
လက်မြှောက် ဒူးထောက် သစ္စာဖောက်ကာ
ယခုခါဝယ်
နေရာကောင်းယူ ကြီးစိုးမင်းမူနေကြပုံကို
သင်မြင်တွေ့ကာ ရင်ထုမနာဖြစ်မိမှာဘဲ။
အိုး…
အာဇာနည် သူရဲကောင်း
သင်ရောက်လေရာ ဘုံဘဝမှာသင်ကြားနိုင်စေ မြင်ပါစေဟု
စေတနာရင်းခံ ဆန္ဒမွန်ဖြင့်
အိုး…..သူရဲကောင်း
သင့်အား ကျွန်ုပ်တိုင်တည်အပ်ပါသည်။
နန်းယမင်းဝေ






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment