ဧရာဝတီ
ငြိမ်းချမ်းရေးဆွေးနွေးမှု ကာလအတွင်း ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အစိုးရ အဆောက်အအုံများ သိမ်းပိုက်ခြင်း တို့ကို မပြုလုပ်ရန်၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် မြန်မာအာဏာပိုင်တို့က ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ကို တနင်္လာနေ့တွင် စာရေး တောင်းဆိုလိုက်သည်။
ဇွန်လ ၃၀ ရက်နေ့က KIA နှင့် ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် ညှိနှိုင်းရေး အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေပုံ (ဓာတ်ပဧရာဝတီ)ုံ
ထိုစာကို ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် ပြည်နယ် တည်ငြိမ် အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့က ပေးပို့ခြင်း ဖြစ်ပြီး “ကချင်ပြည်နယ် အပါအ၀င် ပြည်ထောင်စု၏ မငြိမ်းချမ်းသော အခြေအနေ” ကို ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံရေးနည်းအရ ဆွေးနွေး အဖြေရှာရန် တိုက်တွန်းထားသည်။
ညှိနှိုင်းရေး အဖွဲ့တွင် ကချင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင်က ဦးဆောင်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်တို့ ပါဝင်ကြောင်း ပေးစာတွင် ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့တွင် KIA ကလည်း ညှိနှိုင်းရေး အဖွဲ့သို့ စာရေးသား အကြောင်းပြန်လိုက်သည်။
နှစ်ဦးနှစ်ဘက် ဆွေးနွေးရာတွင် မြန်ဆန် လွယ်ကူစေရေးအတွက် တံတားတခု ပြန်လည် ပြုပြင်မည့် အစီအစဉ်ကို လက်ခံကြောင်း၊ “အခြားကိစ္စရပ်များကိုမူ နှစ်ဘက် သဘောတူညီချက်များ ရရှိပြီးသည့် နောက်တွင် ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားနိုင်မည်” ဖြစ်ကြောင်း KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် လက်မှတ်ရေးထိုး ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
KIA ၏ ပြန်ကြားစာကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရသို့လည်း မိတ္တူပေးပို့ထားကြောင်း ဖော်ပြထားသည်။
KIA သည် ညှိနှိုင်းရေး အဖွဲ့နှင့် ဇွန်လ ၃၀ ရက်နေ့က တကြိမ် တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး ဆွေးခဲ့သေးသည်။
ထိုသို့ ဆွေးနွေးမှုများ ရှိနေစဉ်မှာပင် ဗုဒ္ဓဟူးနေ့က ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အစိုးရစစ်တပ်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အတည် မပြုနိုင်သေးသော သတင်းများက ဆိုသည်။
ဗုဒ္ဓဟူးနေ့ထုတ် အစိုးရသတင်းစာတွင် KIA အဖွဲ့က မန္တလေး- မြစ်ကြီးနား မီးရထားလမ်းကို မိုင်းထောင် ဖျက်ဆီးကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် လက မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီး KIA တပ်စခန်းအား အစိုးရက ဖယ်ရှားရန်ကြိုး စားရာမှ အစိုးရနှင့် KIA အကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။
8 July 2011
KIA ဘက်မှ အပစ်ရပ်ရန် အစိုးရ တောင်းဆို
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment