ဧရာဝတီ
ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ဇူလိုင်လ ၅ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်မှ သိရသည်။
ယမန်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်
ဗိုလ်မှူးချုပ် ထွန်းသန်းအား ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပဲခူးတိုင်းတောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွေ့စေခဲ့ပြီး ၂ ရက်အကြာတွင် နေပြည်တော်သို့ ခေါ်ယူပြီး ရာထူးမှ အနားယူစေခဲ့ခြင်းဖြစ်သည်ဟု စစ်ဘက်နှင့်နီးစပ်သူတဦးက ပြောသည်။
“နေပြည်တော်ကို လင်မယား ၂ယောက်စလုံး ခေါ်ပြီး၊ တိုင်းမှူးကြီးကို ပင်စင်ပေးလိုက်တာ” ဟု ၎င်းကဆိုသည်။
မည်သည့် ပြစ်ချက်ကြောင့် အငြိမ်းစားပေးသည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူစဉ်က မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည်အတွက် အရေးယူခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
လစ်လပ်သွားသော ယင်းတိုင်းမှူးနေရာတွင် လာမည့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ဆင်း တဦးဦးဖြင့် အစားထိုး ခန့်အပ်မည်ဟု စစ်ဘက်အသိုင်းအဝိုင်းက ခန့်မှန်းနေကြသည်။
ပြီးခဲ့သည့် လအတွင်းက ကျင်းပသည့် တပ်မတော် လေးလပတ် တပ်မှူးများ ညီလာခံ အပြီးတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် စစ်တိုင်းမှူး ၆ ဦးကို စစ်တိုင်းနေရာများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည်။ ဗိုလ်မှူးချုပ် ထွန်းသန်းသည် ထိုပြောင်းရွှေ့ခံရသည့် စစ်တိုင်းမှူး ၆ ဦးတွင် တဦးအပါအ၀င် ဖြစ်သည်။
ဗိုလ်မှူးချုပ် ထွန်းသန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲများတွင် ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မှူးမှ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်းကလည်း တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးသည်လည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် တရားမ၀င် လိုင်စင်မဲ့ကားများ တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်များကြောင့် ရှောင်တခင် ၀င်ရောက်စစ်ဆေးခြင်းကို ခံခဲ့ရသေးသည်။
7 July 2011
တောင်ပိုင်း တိုင်းမှူးသစ် ရာထူးမှ အနားပေးခံရ
Etiketter: irrawaddy new
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment