သန်းထိုက်ဦး
မကြာသေးခင်က ပုန်ကန် ခွဲထွက်သွားသော ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည် စည်းရုံးရန် အစိုးရက DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်ချစ်သူကို တနင်္ဂနွေနေ့က စေလွှတ် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးကြောင်း သိရသည်။
ဗိုလ်ချစ်သူသည် ခွဲထွက်သွားသည့် တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ မြိုင်ကြီးငူ ဒေသတွင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ဧရာဝတီသို့ ပြောသည်။
“မြန်မာ အစိုးရကတော့ ကရင် အချင်းချင်း ပြန်တိုက်စေချင်တယ်၊ ဒါကြောင့် ဗိုလ်ချစ်သူကို ညှိခိုင်းတာပါ၊ ဒါပေမယ့် ဗိုလ်ဘိက ဗိုလ်ချစ်သူကို မယုံတော့ ညှိနှိုင်းတာ အဆင်မပြေဘူး” ဟု ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။
ပုန်ကန်ခွဲထွက်သွားသော တပ်ဖွဲ့များက မြိုင်ကြီးငူဒေသ အပြင်ဘက်တွင် နေရာယူထားကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ရင် ဘုန်းကြီးကျောင်းတွေ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးမှာစိုးလို့ ဗိုလ်ဘိကတော့ မြိုင်ကြီး ငူနားမှာ စစ်မျက်နှာ မဖွင့်ချင်ဘူး” ဟု ဗိုလ်မှူးချူပ် ဂျော်နီက ဆိုသည်။
ဤအတောအတွင်း ဒေသခံအများအပြားက တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် အနီးအနားရှိမြို့ရွာများသို့ ပြောင်းရွှေ့နေကြသည်ဟု သိရသည်။
DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်သည်သည် အာဏာပိုင်တို့၏ အစီအစဉ်ဖြင့် နယ်ခြားစောင့်တပ်များ အဖြစ် အသွင်ပြောင်းထားသည်မှာ တနှစ် ပြည့်တော့မည် ဖြစ်သည်။
ပြီးခဲ့သည့် မေလတွင် တပ်ရင်း ၄ ရင်းက ပုန်ကန် ခွဲထွက်ပြီး DKBA တပ်ဖွဲ့များအဖြစ် ပြန်လည် ခံယူလိုက်ကြသည်။ အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် မနေလိုသဖြင့် ခွဲထွက်ခြင်း ဖြစ်သည်ဟု သိရသည်။
တလအကြာတွင် ခွဲထွက်တပ်များနှင့် အစိုးရကို သစ္စာခံသည့် ကရင် နယ်ခြားစောင့်တပ်များ မြိုင်ကြီးငူ အနီးရှိ တခွက်ဖိုးကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားကြောင်း သိရသည်။
၂ နာရီ ခန့်ကြာသည့် ထိုတိုက်ပွဲတွင် ခွဲထွက် တပ်ဖွဲ့များက စစ်ရေးအရ အချက်အချာကျသည့် တံတား ၃ စင်း ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၊ မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
http://www.irrawaddy.org/bur/index.php/news/
7 July 2011
မောင်ချစ်သူ စည်းရုံးရေးခရီး မအောင်မြင်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment