
လိုင်ဇာ ဗဟိုဌာနချုပ် အနီးတွင် နေရာယူထားတဲ့ KIA စစ်သားတစ်ဦး။ ဓါတ်ပုံ-
ကချင်သတင်းဌာန
ကချင်ပြည်နယ်တောင်ပိုင်း မန်မော်(ဗန်းမော်)ခရိုင်မန်ဂျေ (မံစီ) မြို့နယ်တွင် ဇူလိုင် ၁၉၊ အင်္ဂါနေ့နံနက်တိုက်ပွဲ ဖြစ် ပွားရာ မြန်မာအစိုးရဘက် တပ်ရင်းမှူး ၁ ဦး နှင့် တပ်သား ၃ ဦး ကျဆုံးသည်ဟုကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အရာရှိများ ပြောသည်။
မိုးမိတ်(မုန်းမိတ်)နယ်မြေခံ ခမရ ၃၄၈ နှင့် ဗိုလ်မှူး ဇော်ဂမ်ဦးဆောင်သည့် မန်ဂျေဒေသမှ KIA တပ်ရင်း ၁၂ တို့သည် မဘိန်းအနီး၊ ခါချင်ရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ကြသည်ဟု ဌာနချုပ်လိုင်ဇာ မှ KIA အရာရှိများပြောသည်။
မြန်မာစစ်တပ်မှ သေနတ် ၃ လက်ကိုလည်း KIA သိမ်းဆည်းရရှိသည်ဟု ဆက်ဆိုသည်။
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်နိမိတ်ကြား ဇူလိုင် ၁၆ ရက် ကတည်းက နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။
ဇူလိုင် ၁၈၊ တနင်္လာနေ့က နှစ်ဖက်စစ်ဖြစ်နေချိန် KIA ဒု-တပ်ကြပ် လတောင် အား အစိုးရစစ်တပ်မှ လက်နက်နှင့်အတူ အရှင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့သည်ဟု KIA တပ်ရင်း ၁၂ က ဆိုသည်။
ယခုကဲ့သို့ မြန်မာစစ်သားများ ကျဆုံးပြီးနောက်လည်း ထိုဒေသတွင် ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။
မြန်မာနိုင်ငံအနှံ့ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် မြန်မာအစိုးရကြား စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးမှုမရှိလျှင် အပစ်မရပ်ရန် ဒေသအသီးသီးမှ ကချင်လူထုကိုယ်စားလှယ်များက KIO ထံ အကြံပြုဆွေးနွေးသွားကြသည့် ဇူလိုင် ၁၂-၁၃ လိုင်ဇာအစည်းအဝေးအပြီး KIO ကြေညာချက် ထွက်ပေါ်လာပြီးနောက် မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲ အရှိန် မြှင့်လာသည်။
ဆက်လက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အရပ်ဖက် စစ်ဖက် ခေါင်းဆောင်များ ဇူလိုင် ၁၈ ရက်မှစတင်ကာ အရေးပါသောအစည်းအဝေးတစ်ခု လိုင်ဇာဌာနချုပ်တွင် ၂ ရက်ကြာ ကျင်းပခဲ့သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment