အံ့ဘုန်းမြတ်
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်စွမ်းရှိသမျှ ကြားဝင်ကြိုးပမ်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ရိုက်တာ)
ဒီက နေ့ရက်စွဲနဲ့ ပေးပို့တဲ့စာဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီနဲ့ ရှမ်းပြည်တပ်မတော်တွေထံကို လိပ်မူရေးသားထားပါတယ်။
ပဋိပက္ခ တွေကြောင့် သေကျေဆုံးရှုံးမှုတွေ ဝမ်းနည်းဖွယ်ရာဖြစ်နေတဲ့အပြင် နိုင်ငံပိုင်အဆောက်အဦတွေ၊ စီမံကိန်းလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးရသလို ဒေသခံတိုင်းရင်းသားတွေ အတိဒုက္ခများစွာရောက်ပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ ကူးစက်မယ့်အန္တရာယ်ရှိနေပြီလို့ စာမှာ သတိပေးထားပါတယ်။
မူရင်း - http://burmese.dvb.no

0 kommentarer:
Post a Comment