ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် တင်ငွေကို ဇူလိုင်လ ၂၂ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်း ရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်တင်ငွေကို မည်သည့် ပြစ်ချက်ကြောင့် တာဝန်မှ ရပ်စဲသည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း စစ်ဘက်နှင့်နီးစပ်သူတဦးက ယခင် မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည်အတွက် အရေးယူခြင်းဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“မန္တလေးက အရင်မြေကွက်တွေ ချပေးတဲ့ကိစ္စတွေနဲ့ သက်ဆိုင်နေတယ်” ဟု ၎င်းကဆိုသည်။
ဗိုလ်ချုပ် တင်ငွေသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်ပြီး ယမန်နှစ် သြဂုတ်လ တပ်တွင်းအပြောင်းအလဲတွင် အလယ်ပိုင်းတိုင်း တိုင်းမှူးမှ ကစထမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးခြင်းခံရသည်။
ကစထမှူး တာဝန်ထမ်းဆောင်ချိန်ကို သြဂုတ်လမှ စတင်ရေတွက်လျှင် တနှစ်ပင် မပြည့်သေးပေ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူခဲ့ပြီးနောက် အရေးယူခံရသည့် ဒုတိယမြောက် အဆင့်မြင့် စစ်ဘက်အရာရှိကြီးဖြစ်သည်။
ပြီးခဲ့သည့် လဆန်းပိုင်းကလည်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပဲခူးတိုင်းတောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွေ့စေခဲ့ပြီး ၂ ရက်အကြာတွင် အနားပေးခဲ့သည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် ဗိုလ်မှူးချုပ် ထွန်းသန်းသည် ရန်ကုန်တိုင်းအတွင်းရှိ မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည့်အတွက် ဟု သိရသည်။
ပြီးခဲ့သည့် လအတွင်းက ကျင်းပသည့် တပ်မတော် လေးလပတ် တပ်မှူးများ ညီလာခံအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် စစ်တိုင်းမှူး ၆ ဦးကို စစ်တိုင်းနေရာများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည်။
တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးကိုလည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် တရားမ၀င် လိုင်စင်မဲ့ကားများ တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့်လ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့သေးသည်။ဧ၇ာဝတီ..မှကူးယူသည်..
28 July 2011
ကထစမှူး ဗိုလ်ချုပ် တင်ငွေ အနားပေးခံရ ..
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment