သန်းထိုက်ဦး
ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း၏ ၇ မိုင် တပ်စခန်းကို အစိုးရ စစ်တပ်က ယနေ့ ထိုးစစ်ဆင် သိမ်းပိုက်လိုက်သည်ဟု သိရသည်။
လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း စခန်း ကျသွားခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။
“အစိုးရ စစ်တပ်က အင်အား ၁၀၀ ကျော်နဲ့ ရှမ်းတပ်ကို ဒီမနက် တက်တိုက်တယ်၊ မွန်းတည့်ချိန်မှာ ရှမ်းတပ်က အစိုးရ စစ်တပ်ရဲ့ လက်နက်ကြီးဒဏ်ကို မခံနိုင်လို့ ဆုတ်ပေးလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
တပ်ဖွဲ့ဝင်များ ဒဏ်ရာ မရသော်လည်း မူးဝေသည့် ဝေဒနာ ခံစားနေကြသဖြင့် အစိုးရတပ်က သုံးခဲ့သည့် လက်နက်ကြီးများတွင် ဓာတု ပစ္စည်း ပါဝင်မှုရှိ မရှိ SSA မြောက်ပိုင်းက စုံစမ်းနေသည်ဟု ထိုဒေသအရေး လေ့လာနေသည့် ဦးစိန်ကြည်က ဆက်ပြောသည်။
ထိုင်းမြန်မာနယ်စပ် အခြေစိုက် SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းကလည်း ထိုသို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံများကို ကိုးကားပြီး ပြောပြသည်။
SSA မြောက်ပိုင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ သို့သော်လည်း နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေးအစီအစဉ်ကို လက်မခံသဖြင့် ငြိမ်းချမ်းရေး ပျက်ပြားပြီး တိုက်ခိုက်မှုများ ပြန်လည် ပေါ်ပေါက်လာသည်။
SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်မြို့၊ မိုးမိတ် စသည့် ဒေသများတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
SSA တောင်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုဖူးသည့် အဖွဲ့ဖြစ်သည်။ မကြာသေးမီက SSA တောင်ပိုင်း နှင့် မြောက်ပိုင်းသည် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။
ဖြစ်ပွားခဲ့သည့် တိုက်ပွဲတချို့တွင် တောင်ပိုင်းက စစ်ရေးအကူအညီ ပေးခဲ့သည်ဟု သိရသည်။
4 June 2011
SSA စခန်းတခု အစိုးရတပ် သိမ်းပိုက်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment