mrauk-u-buddha-images
ttp://www.narinjara.com
မြို့လူထုနှင့် ထိပ်တိုက်ရင်ဆိုင်မူ ဖြစ်ပြီးနောက် အစိုးရ အာဏာပိုင်များမှ မြောက်ဦးမြို့မှ တူးဖေါ် ရရှိသော အလေးချိန် ၄ ပိသာ ၆၄ ကျပ်သားရှိ ရှေးဟောင်း ဆင်းထုတော်ကို နေပြည်တော်သို့ ယူမည့် အစီအစဉ်ကို ရပ်တန့်လိုက်ကြောင်း သတင်း ရရှိသည်။
� ဟုတ်ကဲ့။ တမြို့လုံးက ထွက်ပြီး ဆန့်ကျင် ကန့်ကွက်တော့ အခု နေပြည်တော်ကို ယူမယ့် အစီအစဉ်ကို သူတို့ လက်လျော့ လိုက်ပါပြီ။ အခု ရတနာ့မာန်အောင် ဘုန်းတော်ကြီးကျောင်းမှာဘဲ ဗိမာန်ဆောက်ပြီး ဘုရားကို ပူဇော်ခံသွားတော့မှာ ဖြစ်ပါတယ်� မြို့ခံ လူကြီး တစ်ဦးက ပြောသည်။
စစ်တွေမြို့မှ ယဉ်ကျေးမူ ၀န်ကြီးဌာနမှ ညွှန်မှူး ဦးဇော်ဇော်ထွန်းမှ ဘုရားအား သယ်ယူဆောင်ရန် မြောက်ဦးသို့ ကားဖြင့် လာစဉ် ထောင်ပေါင်းများစွာသော ပြည်သူများက လမ်းမပေါ်သို့ ထွက်လာပြီး ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။
� အမျိုးသမီးတွေပါ မကျန် လက်မှတ်ထိုးပြီး တောင်းဆိုတယ်။ ပီးရင် နန်းရာကုန်းမှာ စုပြီး ကားကို ၀ိုင်းထားတယ်။ နောက်ပိုင်းမှာ ရှေးဟောင်း သုတေသန ရုံးကို လူပေါင်း ၃၀၀၀ ကျော် ၀ိုင်းထားတယ်။ ဘုရားကို ယူရင် အသေခံမယ်အထိ ဆုံးဖြတ် ထားကြတော့ နောက်တော့ အစိုးရဘက်က နေပြည်တော်ကို ယူမယ့် အစီအစဉ်ကို လက်လျော့လိုက်ရပါတယ်� ဟု သူက ပြောသည်။
အဆိုပါဘုရားဆင်းထုတော်ကို တခြား ကြေးဘုရား ၂၆ ဆူနှင့် မေလ ၃၀ ရက်နေ့က တူးဖေါ် ရရှိခဲ့သည်။ တူးဖေါ်ရရှိပြီး စစ်ဆေးရာ ရွှေဘုရား ဖြစ်နေကြောင်း သိရသည်။ ၎င်းနောက်ပိုင်း ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဘုရားကို နေပြည်တော်သို့ ယူဆောင်ရန် ရခိုင်ပြည်နယ် ယဉ်ကျေးမူ ဦးစီးဌာနကို ညွှန်ကြားခဲ့သည်။ အဆိုပါ ညွှန်ကြားချက်ကို ပြည်သူများက တခဲနက် ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။
4 June 2011
ပြည်သူများဆန့်ကျင်ကန့်ကွက်မူကြောင့် ရွှေဆင်းတုတော် နေပြည်တော်သို့ယူမည့် အစီအစဉ် အစိုးရ ရုတ်သိမ်း
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment