မြန်မာစစ်တပ်က ပြန်ပြေးဆွဲသကဲ့သို့ထိန်းသိမ်းထားသော တရုတ်ရေကာတာအလုပ်သမား ၃၀၀ ခန့်အား KIA ကယ်ထုတ်ကာ တရုတ်နယ်စပ်သို့ပို့ဆောင်လိုက်သည်ဟု အလုပ်သမားနှင့်နီးစပ်သူများပြောသည်။
အင်မောက် (မိုးမောက်)မြို့နယ် တာပိန်ရေအားလျှပ်စစ်တွင် နှစ်နာရီကြာ မြန်မာ-KIA တိုက်ပွဲပြီးနောက် ၎င်းအလုပ်သမားများအား တရုတ်နယ်စပ်သို့ထွက်လာနိုင်သည်ဟု နယ်စပ်တရုတ်အာဏာပိုင်များပြောသည်။
ဇွန် ၉ ရက်စစ်ပွဲစတင်ချိန် ရေကာတာမှထွက်ခွာရန်ကြိုးပမ်းသည့် တရုတ်အလုပ်သမားများနှင့် CDT (China Datang Corporation) မှ တရုတ်အင်ဂျင်နီယာများအား မြန်မာစစ်တပ်က ပြန်ထွက်သွားခွင့် မပြုပဲ ရေကာတာဆောက်လုပ်ရေးလုပ်ငန်းကို အတင်းပြုလုပ်ခိုင်းကြောင်း KIA အရာရှိတစ်ဦးပြောသည်။
တာခေါခ(တာပိန်မြစ်) ပေါ်မှ ရေအားလျှပ်စစ် ၂ ခုကို တရုတ် CDT ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ ပူးတွဲ၍ တည်ဆောက်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက အမှတ် ၁ စက်ရုံမှ လျှပ်စစ်ဓာတ်အားကို အင်မောက်နှင့် မန်မော် (ဗန်းမော်) သို့ ဖြန့်ဖြူးနေပြီဖြစ်သည်။
ဇွန် ၉ ရက် မြန်မာတပ်၏ထိုးစစ်ဆင်ပြီးနောက် ဇွန် ၁၃ တနင်္လာနေ့ ညနေပိုင်းမှ KIA က တနိုင်ငံလုံးအတိုင်း အတာ ပြည်တွင်းစစ်သို့ဖြစ်ပြီဟု ပြောဆိုသည်။
အင်မောက် (မိုးမောက်)မြို့နယ် တာပိန်ရေအားလျှပ်စစ်တွင် နှစ်နာရီကြာ မြန်မာ-KIA တိုက်ပွဲပြီးနောက် ၎င်းအလုပ်သမားများအား တရုတ်နယ်စပ်သို့ထွက်လာနိုင်သည်ဟု နယ်စပ်တရုတ်အာဏာပိုင်များပြောသည်။

တာခေါခ(တာပိန်မြစ်) ပေါ်မှ ရေအားလျှပ်စစ် ၂ ခုကို တရုတ် CDT ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ ပူးတွဲ၍ တည်ဆောက်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက အမှတ် ၁ စက်ရုံမှ လျှပ်စစ်ဓာတ်အားကို အင်မောက်နှင့် မန်မော် (ဗန်းမော်) သို့ ဖြန့်ဖြူးနေပြီဖြစ်သည်။
ဇွန် ၉ ရက် မြန်မာတပ်၏ထိုးစစ်ဆင်ပြီးနောက် ဇွန် ၁၃ တနင်္လာနေ့ ညနေပိုင်းမှ KIA က တနိုင်ငံလုံးအတိုင်း အတာ ပြည်တွင်းစစ်သို့ဖြစ်ပြီဟု ပြောဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment