ရှမ်းပြည်မြောက်ပိုင်းရှိ အရေးပါသည့် တံတား ၂ စင်း ဇွန် ၁၄ ရက်ညတွင် KIAမှ ဗုံးပေါက်ဖျက်ဆီးခဲ့သည်ဟု လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ အရာရှိများပြောသည်။
ဖျက်ဆီးခဲ့သည့်တံတားမှာ တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ်ကားလမ်းမှ နမ်ဖတ်ကာ တံတားဖြစ်ပြီး နောက်တစ်စင်းမှာ တာမိုးညဲ-မုံးစီကားလမ်းမှ နမ်ခရိုင်တံတားဖြစ်သည်ဟု ဆိုသည်။
ဇွန် ၉ ရက် ကချင်ပြည်နယ် ဆန်ဂန်၌ KIA တပ်ရင်း ၁၅ အား မြန်မာတပ်ကထိုးစစ် စတင်ဆင်နွှဲလာစဉ် ဇွန် ၁၃ ရက် KIA က ပြည်တွင်းစစ်သို့ဦးတည်လာနိုင်သည်ဟု ပြောဆိုပြီးနောက်တစ်နေ့ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်လာခြင်း ဖြစ်သည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment