ကျော်ခ |
နေပြည်တော်အနီး တပ်ကုန်းမြို့နယ်အတွင်း ရထားဗုံးကွဲမှု ဖြစ်ပြီးနောက် ရန်ကုန်နှင့်
နေပြည်တော် ဘူတာရုံများတွင် ဗုံးရှာ စက်ကိရိယာများဖြင့် အဆက်မပြတ် ရှာဖွေမှုများ ပြုလုပ်နေရကြောင်း ရဲဝန်ထမ်းများက ပြောသည်။
မီးရထားပေါ်နှင့် ရထားဘူတာ အဝင်၊ အထွက်ဂိတ်ဝများတွင် ဗုံးရှာ စက်ကိရိယာများ ကိုင်ဆောင်ကာ ခရီးသည်များကို ဖောက်ခွဲရေး ပစ္စည်းများ ရှာဖွေမှုများ ပြုလုပ်ရခြင်း ဖြစ်သည်။
“အရင်တုန်းကတော့ သတင်းရမှ ရှာတယ်။ ရှောင်တခင်

နေပြည်တော်နှင့် ရန်ကုန်ဘူတာရုံများတွင် ဗုံးရှာ စက်ကိရိယာများဖြင့် အဆက်မပြတ် ရှာဖွေ (ဓါတ်ပုံ မဇ္ဈိမ)
ဗုံးရှာ ကိရိယာများ ထပ်မံ တိုးချပေးပြီးနောက်
နေပြည်တော် ဘူတာကြီး သာမက ဘူတာကြီးသို့ မဆိုက်ရောက်မီ အနီးဝန်းကျင်ရှိ ကြည်တောင်ကန်၊ ရွာတော်၊ မန်ကျီးပင် စသည့် မီးရထားဘူတာများ မှစ၍ ကြိုတင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြရကြောင်း ရထားပေါ်တွင် လိုက်လံရှာရန် တာဝန်ကျသည့် ရဲဝန်ထမ်းတဦးကလည်း ပြောသည်။
“ကျနော်တို့က ဒီလမ်းကြောင်းပေါ်ပဲလေ။ ရထားလမ်း တလျောက် သူ့အပိုင်းလိုက်၊ အပိုင်းလိုက်ပဲလေ။ နေပြည်တော် တခုတည်းမှ မဟုတ်တာ။ ဟိုးဘက် ဘူတာတွေ ရှိတယ်လေ။ ဟိုဘက်နဲ့ ဒီဘက်နဲ့ အဲလိုပဲ လမ်းကြောင်း ကြည့်တာ အဲလိုပဲ လုပ်တာ။ BE အဖွဲ့ကလည်း သူတို့ရှာတဲ့ အဆက်တွေ ဘာတွေ ရှိတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
အလားတူ ရန်ကုန်မီးရထား ဘူတာကြီးတွင်လည်း မေလကုန်ပိုင်းမှ စတင်ကာ ဗုံးရှာ စက်ကိရိယာများဖြင့် လူအဝင်အထွက် ဂိတ်များတွင် အမျိုးသမီး ရဲဝန်ထမ်းများနှင့် အမျိုးသား ရဲဝန်ထမ်းများက ခရီးသည်များကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment