http://ehkhaungthaunt.blogspot.com/
ဒီကေဘီအေ တံဆိပ်ပြန်တပ်တဲ့ နယ်ခြားစောင့်တပ် တပ်ရင်း ၄ရင်း ထိန်းချုပ်ထားတဲ့ မြိုင်ကြီးငူဒေသကို မြန်မာစစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ တပ်မ ၄၄နဲ့ တပ်မ ၁၁အဖွဲ့ဝင်တွေကို စေလွတ်ပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပြီလို့ သတင်းရရှိပါတယ်။
အဆိုပါ နယ်ခြားစောင့်တပ်ကနေ ဒီကေဘီအေ တံဆိပ်ပြန်တပ်ဖို့ မြိုင်ကြီးငူဆရာတောင် ကိုယ်တိုင် အမိန့်ပေးထားတာဖြစ်ပြီး ၄င်းကိုယ်တိုင် ဖားအံမြို့ရှိ ပြည်နယ်ဝန်ကြီးချုပ်ထံ သွားရောက်ပြီး နယ်ခြားစောင့် တပ်အားလုံး ဒီကေဘီအေ ပြန်လည် ရပ်တည်ခွင့်နဲ့ နယ်ခြားစောင့် အသွင်ပြောင်း လက်မခံတဲ့ ဒီကေဘီအေတွေကို လိုက်လံတိုက်ခိုက် နေတာတွေ ရပ်တန့်ပေးဖို့ သွားရောက်တောင်းဆိုခဲ့တယ်လို့လည်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် သူရဲ့ တောင်းဆိုချက်တွေကို အစိုးရဘက်က လက်မခံတဲ့အပြင် နယ်ခြားစောင့်တံဆိပ်ကို ဇွန်လ ၁၈ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်တပ်ဆင်ဖို့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် မောင်မောင်းအုန်းက ဆရာတော်ကို ပြန်လည်လျှောက်ထားခဲ့ပါတယ်။
ဒါပေမယ့် မြိုင်ကြီးငူဆရာတော်ကတော့ လက်မခံတဲ့အပြင် မြန်မာစစ်တပ်ဘက်က စေလွတ်တဲ့ ယခင် ဒီကေဘီအေ ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူရဲ့ လာရောက်ဖြောင်းဖျမှုကိုလည်း လက်မခံ ပယ်ချခဲ့တယ်လို့လည်း မြိုင်ကြီးငူဆရာတော်နဲ့ နီးစပ်သူတွေဆီက ပြောကြပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment