Written by ကွန်းချမ်း၊ ကိုဝိုင်း (မဇ္ဈိမ)
စစ်ဘက် ထောက်လှမ်းရေးမှ ဒုတပ်ကြပ် အပါအဝင် လူ နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိစေခဲ့သည့် သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စာသင်ကျောင်းများနှင့် ဈေးများအားလုံး ပိတ်ထားလိုက်ကြသည်။
မျက်နှာဖုံးစွပ် သေနတ်သမား ၃ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စစ်ဖက်ရေးရာ လုံခြုံရေး စရဖရုံးကို တနင်္ဂနွေနေ့ ညနေ ၃ နာရီကျော်တွင် ၇၉မမ လောင်ချာဖြင့် ပစ်ခတ်သည်။ ထို့နောက် အနီးအနားရှိ စရဖများ စောင့်ကြပ်လေ့ရှိသော ဓမ္မာရုံကိုပါ လောင်ချာဖြင့် ထပ်မံ ပစ်ပြန်သည်။
ဗွေဆော်ဦး ပတ်ခတ်မှုတွင် အသက် ၃၀ အရွယ် ဒုတပ်ကြပ် ကျော်ကျော်အောင်နှင့် စရဖဆွယ်မှူး ဦးစိုးဝင်းတို့ ထိမှန်ခဲ့သည်။ ဓမ္မာရုံ ပစ်ခတ်မှုတွင် အနီးရှိ ဆံပင်ညှပ်ဆိုင်၌ ဆံပင်ညှပ်နေသော အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးနှင့် မွန်ပြည်သစ် ပါတီဝင် နိုင်အောင်ချမ်း၊ ဆိုင်ကယ်တက္ကစီ မောင်းသူတဦး ကျည်စ ထိမှန်သွားသည်။
ဒုတပ်ကြပ် ကျော်ကျော်အောင်မှာ ဘုရားသုံးဆူ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ဘုရားသုံးဆူမြို့ မြောက်ဘက် မဲကသရွာနေ မိန်းကလေးငယ် နော်ချစ်စနိုးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
“တမြို့လုံး ခြောက်ကပ်နေတာပဲ၊ ဒီနေ့လည်း တိုက်ပွဲ ဖြစ်ဦးမယ်လို့ ကောလာဟလတွေ ထွက်နေတော့ ဘယ်သူမှ မသွားလာရဲကြဘူး” ဟု မြို့ခံတဦးက ပြောသည်။
ခြံလုပ်သားများ၊ ထိုင်းဘက်ကမ်းရှိ ဖိနပ်ရုံ၊ အပ်ချုပ်ရုံများသို့ သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာဘက်ကမ်းမှ အလုပ်သမများ အလုပ် မဆင်းနိုင်ကြဘဲ အချို့မှာ ထိုင်းဘက်ကမ်းသို့ တိမ်းရှောင်နေကြကြောင်း မြို့ခံများက ပြောသည်။
6 June 2011
ထိတ်လန့်နေတဲ့ ဘုရားသုံးဆူ ကျောင်း ဈေးများပိတ်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment