ဆာဘီးယားနိုင်ငံတွင် စစ်ရာဇဝတ်မှုများဖြင့် တရားစွဲခံထားရသူ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးခဲ့မှုအပေါ် မျကျေနပ်၍ ကန့်ကွက် ဆန္ဒပြသူများ အထဲမှ လူပေါင်း ၁၈၀ ကို ဘဲလ်ဂရိတ် (Belgrade) မြို့တော်တွင် ရဲက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။
ဆန္ဒပြသူများက ဆန္ဒပြပွဲ အဆုံးသတ်ချိန်တွင် ရဲများကို ပုလင်းများ၊ ကျောက်ခဲများနှင့် ပစ်ပေါက်ခဲ့သဖြင့် ဆန္ဒပြပွဲမှာ အကြမ်းဖက်မူ အသွင် ပြောင်းလဲခဲ့ပြီး ဆန္ဒပြသူများ၏ တိုက်ခိုက်မူကြောင့် ရဲသား ၃၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောသည်။
ဆာဘီးယား စစ်ခေါင်းဆောင် မလာဒစ်ရှ်ကို ဖမ်းထားသည့် အတွက် ဆာဘီးယားက အမျိုးသားရေး အယူစွဲပြင်းထန်သော ရက်ဒီကယ်လ် (Radical) ပါတီက ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင် ဆန္ဒပြကြရန် ဆော်သြထားခဲ့သည်။ သို့သော်လည်း တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွင် ကြမ်းကြမ်းရမ်းရမ်းရှိသူ တချို့က အမှိုက်ပုံးများကို မှောက်၊ မီးရှူး မီးပန်းများ ပစ်ဖောက်ကာ ဆိုင်ပြတင်း ပေါက်များကို ရိုက်ခွဲ ဖျက်ဆီးခဲ့ကြသည်။
ဆန္ဒပြသူများမှာ လူငယ်များ ဖြစ်ကြပြီး သူတို့အထဲမှ လူငယ် တချို့မှာ ဘော့စနီးယား စစ်ပွဲကာလ ၁၉၉၂- ၁၉၉၅ ကာလအတွင်း မမွေးဖွားသေးကြောင်း သတင်းများတွင် ဖေါ်ပြသည်။
အနည်းဆုံး အယောက် ၁၈၀ အဖမ်းခံရသလို ရဲ ၃၂ ဦးနှင့် ဆန္ဒပြသူ ၁၁ ဦး ဒဏ်ရာရသွားကြသည်။ လူပေါင်း ၁၀,၀၀၀ လောက်ခန့် ပါဝင်သော ဆန္ဒပြပွဲတွင် မလာဒစ်ရှ်ရဲ့ ဇနီးနှင့် သားတို့လည်း ပါဝင် ဆန္ဒပြကြခဲ့ကြသည်။
၁၉၉၅ ခုနှစ်တုန်းက ဆာဘရန်နီဆာ (Serbrenica) မြို့မှာ မွတ်ဆလင် အမျိုးသားနှင့် ယောက်ျား လေးပေါင်း ၈,၀၀၀ လောက် အထိကို သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး မလာဒစ်ရှ်ကို လူမျိုးတုံး သတ်ဖြတ်မှုဖြင့် နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် တရားစွဲထားသည်။
သူ့ကို သဟိတ်မြို့ နိုင်ငံတကာ စစ်ရာဇ၀တ်ခုံရုံးသို့ ပို့ရန် ဆာဘီးယား သမ္မတက ကျေညာထားသည်။ မလာဒစ်ရှ်၏ သားက ဒုတိယကမ္ဘာစစ်ပွဲ နောက်ပိုင်း ဥရောပတွင် အဆိုးဝါးဆုံး လူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမူမှာ သူ့၏ ဖခင်နှင့် လုံးဝ ပတ်သက် မူ မရှိကြောင်း သတင်းထောက်များကို တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment