ရန်ပိုင်
အစိုးရသစ်၏ တိုင်းဒေသကြီး ၀န်ကြီးချုပ် တချို့နှင့် စစ်ဘက်ဆိုင်ရာ တိုင်းမှူးများအကြား စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ သဘောထား တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု ဧရာဝတီမှ စုံစမ်း သိရှိရသည်။

စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ် အတွင်း ရွှေတူးဖော်ရေး လုပ်ကိုင်နေသည့် ဦးတေဇပိုင် ထူးကုမ္ပဏီ ၏ လှေများ(ဓာတ်ပုံ - ချင်းတွင်းနတ်သမီး)
“အစည်းအဝေးမှာ သတ္တုတွင်းဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ချပေးတဲ့ သူတွေကို အပြစ်မပြောဘူး၊ တိုင်းမှူးအမိန့်နဲ့ တူးတဲ့သူတွေကို ဦးသာအေး က အပြစ်ရှာကြံပြောပြီး နှိပ်ကွပ်တာကို တိုင်းမှူးက မကြိုက်တာ”ဟု ၎င်းက ဆိုသည်။
တိုင်းဝန်ကြီးချုပ် ဦးသာအေး အနေဖြင့် စစ်ကိုင်းတိုင်းအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာမှ ၀င်ရောက် စွက်ဖက်လာမည်ကို လိုလားပုံမရကြောင်း အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ခန္တီး စသည့် မြို့နယ်များနှင့် ချင်းတွင်းမြစ်ရိုးတလျှောက်တွင်တိုင်းမှူး ခွင့်ပြု ချက်ဖြင့် လည်းကောင်း၊ သတ္တုတွင်း ၀န်ကြီးဌာနခွင့်ပြုချက်ဖြင့်လည်းကောင်း ရွှေ တူးဖော်နေကြခြင်းဖြစ်ပြီး ဦးတေဇပိုင် ထူး ကုမ္ပဏီ၊ ရုပ်ရှင်သရုပ်ဆောင် လွင်မိုး စသည့် လုပ်ငန်းရှင်များလည်း ၀င်ရောက် လုပ်ကိုင်လျက်ရှိသည်။
ယခုအခါ မုံရွာမြို့ စက်မှုဇုန်နှင့်ကုန်စည်ဒိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် တိုင်းမှူးအပါအ၀င် စစ်ဘက်ဆိုင်ရာအရာရှိကြီးများကို ငွေကြေး အကုန်အကျခံကာ ဂေါက်သီးကစားခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းများ မပြုလုပ်တော့ဘဲ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်သာ ပေါင်းသင်းဆက်ဆံမှုများ ပြုလုပ်တော့သည်ကို တွေ့ရကြောင်း မုံရွာမြို့ရှိ ရွှေ တူးဖော်ရေး လုပ်ငန်းရှင်က ဆက်ပြောပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၏ အမိန့်ဖြင့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးခဲ့ရာ အလယ် ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် ဆက်နွယ်နေသည့် စီးပွားရေး လုပ်ငန်းရှင်များ၏ ကားများလည်း ပါဝင်နေ သည့်အတွက် ဗိုလ်မှူးချုပ် ရဲအောင်က ကန့်ကွက်ပြောဆိုမှု ပြုလုပ်ခဲ့သည်ဟု မန္တလေးမြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦး ကပြော သည်။
“တိုင်းမှူးက နောင် ကားဖမ်းမယ်ဆိုရင် သူ့ကိုလည်းကြိုပြောသင့်တယ်ပြောတော့ ၀န်ကြီးချုပ် ဦးရဲမြင့်က ဘာကိစ္စ မင်းကို ပြောဖို့ လိုသလဲ ဆိုပြီး မာန်မဲတယ်”ဟု ၎င်း က ဆိုသည်။
မန္တလေးတိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ သည် ယခင်က တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးများ အဆင့်ဖြင့် စစ်ဆင်ရေး အထူးအဖွဲ့ မှူး(ကစထ) တာဝန်များကို ယူခဲ့ဖူး သူများဖြစ်သည်။
စစ်အစိုးရ လက်ထက်က ဒေသဆိုင်ရာ စစ်ဘက်အရာရှိကြီးများ အနေဖြင့် ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသည့် လုပ်ငန်းများကို ၎င်းတို့ စိတ်ကြိုက် စီမံခန့်ခွဲနိုင်သော်လည်း ယခုအခါ ၎င်းတို့၏ အခန်းကဏ္ဍများ လျော့ကျလာကြောင်း၊ နောင်တွင် တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ်များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအကြား အကျိုးစီးပွားနှင့် ပတ်သက်ပြီး ပြိုင်ဆိုင်မှု ပို မို ပြင်းထန်လာလိမ့်မည်ဟု ထင်မြင်ကြောင်း အဆိုပါ မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်က ပြောဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment