www.news-eleven.com
အီဂျစ် အယ်လ်ကေဒါး အဖွဲ့၏ ဗျူဟာမှူးနှင့် စစ်ရေးခေါင်းဆောင် တစ်ဦးဖြစ်သူ ဆာအစ်အယ်လ်အဒဲလ်အား အိုစမာဘင်လာဒင်၏ နေရာတွင် ယာယီ ခန့်အပ်ထားကြာင်း အယ်လ်ကေးဒါး အယူဝါဒကို စွန့်လွှတ်ခဲ့သည့် လစ်ဗျား စစ်သွေးကြွတစ်ဦး ဖြစ်သူ နိုမန်ဘန်နော့မန်း၏ ပြောကြားချက် |
စစ်သွေးကြွတစ်ဦး ဖြစ်သူ နိုမန်ဘန်နော့မန်း၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက မေလ ၁၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ယင်းကြေညာချက်ကို ပါကစ္စတန် စစ်ဌာနချုပ် ရုံးစိုက်သည့် ရာဝါပင်ဒီမြို့တွင် ထုတ်ဝေသည့် The News သတင်းစာကလည်း ထောက်ခံရေးသားခဲ့ကြောင်း သိရသည်။ အသက် ၅၀ နှစ်အရွယ် အဒဲလ်သည် ၁၉၉၈ ခုနှစ်က ဒါအယ်လ်ဆာလန်နှင့် နိုင်ရူဘီရှိ အမေရိကန် သံရုံးများကို တိုက်ခိုက်ခဲ့မှုတို့တွင် ပါဝင် ပတ်သက်သည်ဟု စွပ်စွဲခဲ့ထားရသည်။ အာဖဂန်နစ္စတန်ကို အမေရိကန်တို့ ၀င်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အဒဲလ်သည် အီရန်၌ ခိုလှုံနေခဲ့ကြောင်း အယ်လ်ဂျာဇီးယား က ပြောကြားခဲ့သည်။
အယ်လ်အဲလ်သည် အီဂျစ်သမ္မတ အန်ဝါဆဒက်ကို လုပ်ကြံမှုတွင် ပါဝင်ခဲ့သူဟု သံသယရှိခံရသူ ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် အီဂျစ်မှထွက်ခဲ့ပြီး အာဖဂန်တွင် ဆိုဗီယက်တို့ကို တိုက်ခိုက်ရေးတွင် မူဂျာဟေဒင်များနှင့်အတူ ပါဝင်ခဲ့သည်။ အယ်လ်ကေးဒါး စစ်ရေးခေါင်းဆောင်များထဲမှ တစ်ဦးအဖြစ် ထင်ရှားပြီး နံပါတ်သုံးဟု ခေါ်ဝေါ်ခံရသူ ဖြစ်သည်။
အယ်ကေးဒါး ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး အဒဲလ်ကို ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် လုံခြုံရေး တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ အယ်လ်ဂျာဇီးယားကလည်း ဖော်ပြခဲ့သည်။ မေလ ၂ ရက်နေ့က ပါကစ္စတန်တွင် ဘင်လာဒင် သေဆုံးခဲ့ပြီးနောက် ၎င်းကိုဆက်ခံသူမရှိ ဖြစ်နေမှုကို အယ်လ်ကေးဒါးတို့က စိုးရိမ်နေကြချိန်တွင် အဒဲလ်ကို ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ အီဂျစ်တစ်ဦး ဖြစ်သော ဘင်လာဒင်၏ လက်ထောက် ဇာဝါဟာရီ မှာ အယ်လ်ကေးဒါးခေါင်းဆောင် ရာထူးကို ဆက်ခံမည်ဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။ အဒဲလ်ကို အယ်လ်ကေးဒါးခေါင်းဆောင် အဖြစ် ယာယီ ခန့်အပ်လိုက်ခြင်းမှာ အာရေဗျကျွန်းဆွယ် ပြင်ပမှ လူတစ်ဦးကို ရွေးချယ်မှုနှင့် ပတ်သက်၍ တုံ့ပြန်မှုများကို စမ်းသပ်ခြင်း ဖြစ်ကြောင်း နိုမန်ဘန်နော့မန်းက ပြောကြားခဲ့သည်။






အီဂျစ် အယ်လ်ကေဒါး အဖွဲ့၏ ဗျူဟာမှူးနှင့် စစ်ရေးခေါင်းဆောင် တစ်ဦးဖြစ်သူ ဆာအစ်အယ်လ်အဒဲလ်အား အိုစမာဘင်လာဒင်၏ နေရာတွင် ယာယီ ခန့်အပ်ထားကြာင်း အယ်လ်ကေးဒါး အယူဝါဒကို စွန့်လွှတ်ခဲ့သည့် လစ်ဗျား စစ်သွေးကြွတစ်ဦး ဖြစ်သူ နိုမန်ဘန်နော့မန်း၏ ပြောကြားချက်
စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment