နေ့သစ် မှ.......
ကရင်ပြည်နယ် မြဝတီမြို့ အနီး ကော့ကရိတ်၊ ဝေါ်လေ နဲ့ မြိုင်ကြီးငူ ဒေသတွေမှာ ဒီကေဘီအေ၊ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ်အပြင် နယ်ခြားစောင့်ကို လက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အပြန်အလှန်တိုက်ခိုက်မှုတွေဟာ ဒီရက်ပိုင်းထဲမှာ ပိုမိုများလာတာကို ပြည်ပ သတင်းဌာနတွေမှာ တွေ့မြင်နေရပါတယ်။
မွန်၊ ကရင် ပူတွဲဒေသတခုဖြစ်တဲ့ ဘုရာသုံးမှာ ဒီကနေ့မနက်ကပဲ ဘုရားသုံးဆူ စခန်းထိုင် ကြံ့ဖွံ့အစိုးရ စစ်တပ် ခလရ ၂၈၄ တပ်စခန်းကို ကေအန်ယူ တပ်မဟာ ၆၊ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခဲ့ပါတယ်။ တိုက်ပွဲပြီးဆုံးချိန်မှာ ကြံ့ဖွံ့အစိုးရ တပ်ဆီက လက်နက်ငယ်တလက် သိမ်းဆီးရရှိခဲ့ပြီး၊ ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးပါ။
ဘုရားသုံးဆူဒေသဟာ ဒီကေဘီအေနဲ့ နအဖ စစ်အစိုးရတို့ အပစ်ခတ်ရပ်စဲရေးတွေ ပျက်ပြားပြီး ၂၀၁၀ နိုင်ဝင်ဘာလအတွင်းက တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ဒေသတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment